အပိုင်း ၃

199 19 0
                                    

အပိုင်း ( ၃ )

လီကျင်းရှန်သည် ကောက်ရိုးပုံပေါ်သို့ ပစ်လှဲလိုက်ပြီး ခြေလက်များအား ဆန့်ထုတ်ကာ အိပ်ပျော်သွားလေတော့သည်။ ယခုညသည် သူ၏ အရင်ကမ္ဘာအကြောင်းကို အိပ်မက်မမက်တော့သည့် ညပင် ဖြစ်၏။


နွားတင်းကုပ်နှင့် သိပ်မဝေးသည့် အိမ်ထဲတွင် ... အကိုကြီးလီ၏မိန်းမမှာ အိပ်ယာထက်၌ လူးလွန့်လျက်ရှိလေသည်။ တကယ်တော့ သူမသည် အသားဟင်းရနံ့၏ ဆွဲဆောင်မှုကြောင့် တစ်ညလုံးအိပ်၍ မပျော်နိုင်ပဲရှိခြင်းဖြစ်၏။


နောက်တစ်နေ့ မနက်ခင်းသို့‌ရောက်သည့်အချိန်တွင် ပိုးသားစိမ်းအထည်များ ဝတ်ဆင်ထားသည့် ဝဖိုင့်ဖိုင့် လူတစ်ဦးက လယ်တောသို့ ရောက်လာလေသည်။ ထိုသူမှာ ဤကျွဲဝပ်ရွာရှိ လယ်မြေအများစုကို ပိုင်ဆိုင်ထားသည့် မစ္စတာလျူပင် ဖြစ်၏။ အကိုကြီးလီ၏ မိန်းမ ပြောပြောနေသည့် ဘဏ္ဍာထိန်းလျူဆိုသူမှာ ထိုသူပင် ဖြစ်သည်။ မြို့ပေါ်ရှိ သူဌေးကြီးတစ်ဦး၏ အိမ်တွင် ဘဏ္ဍာထိန်းလုပ်ခဲ့ဖူးသည့်အတွက် သူ့အား ဘဏ္ဍာထိန်းလျူဟု ခေါ်ကြသည်။ မိသားစု၏ အကြီးအကဲဖြစ်လာပြီးနောက်တွင် သူသည် ကျွဲဝပ်ရွာသို့ ပြန်လာကာ ရွာ၏မျက်နှာဖုံးတစ်ဦးအဖြစ်နေထိုင်နေခြင်းဖြစ်သည်။


ရွားသားများကတော့ သူ့အား ဘဏ္ဍာထိန်းလျူဟုသာ ခေါမြဲခေါ်ကြစဲပင်ဖြစ်၏။ ထို့အပြင် သူက ရွာရှိ လယ်ဧကအားလုံး၏ တစ်ဝက်ကျော်လောက်ကို ပိုင်ဆိုင်ထားသော‌ကြောင့် ရွာတစ်ဝက်လျူ ဟုလည်း ခေါ်ကြသေးပြန်သည်။


ဘဏ္ဍာထိန်းလျူ၏ အိမ်မက်ကို ပြောပြပါဆိုလျှင် ရွာတစ်ဝက်လျူမှသည် ရွာအပြည့်လျူဆီသို့တက်လှမ်းနိုင်ရန် ဖြစ်သည်။ သို့သော် သူက အလျင်မလိုပေ။ မြို့တော်မှ ပညာရှင်ကြီးများ၏ စကားအရဆိုလျှင် ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံ ဟူ၍ဖြစ်၏။ တစ်ရွာလုံးရှိ လယ်မြေများအားလုံးကို သူမသေခင်တော့ အပိုင်သိမ်းနိုင်ရမည်ဟု ယုံကြည်လေသည်။ အဲ့သည်အချိန်ရောက်လျှင်တော့ ရွာရှိလူများအားလုံးမှာ သူ၏သူရင်းငှားများ ဖြစ်လာကြပေလိမ့်မည်။ သူသည် တစ်ရွာလုံး၏ အရှင်သခင်ဖြစ်လာပြီး သူအလိုရှိသမျှကို ရနိုင်တော့မည် ဖြစ်သည်။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now