အပိုင်း ၂

254 21 0
                                    

အပိုင်း( ၂ )

" ပျောက်သွားပြီ..."

လီကျင်းရှန်သည် အိမ်မက်မက်နေရာမှ နိုးလာသူကဲ့သို့ အသံလေးလေးနှင့် ပြန်ဖြေလိုက်၏။


"အခုချက်ချင်း သွားပြန်ရှာ ...မိသားစုပိုင် ကျွဲကို ဖျောက်ပစ်ရဲတယ်ပေါ့ . . နင့်အကိုက နင့်ကို သေအောင် ဘယ်လိုရိုက်မလည်းဆိုတာ ကြည့်ကြသေးတာပေါ့ ၊ သုံးစားမရတဲ့ကောင် ကျွဲ ကို မတွေ့ရင် နင်လည်း ပြန်လာဖို့ မစဥ်းစားနဲ့ .."


" အဲ့တာ ကျုပ်ပိုင်တဲ့ ကျွဲဗျ..."

လီကျင်းရှန်က အော်ပြောရင်း အိမ်ထဲမှ တဟုန်ထိုး ပြေးထွက်သွားလိုက်သည်။ ဤနေရာ၌ ဆက်နေလျှင် သူအရိုက်ခံရတော့မည် မဟုတ်ပါလား။ သူကိုယ်တိုင်လည်း ဤနေရာတွင် တစ်စက္ကန့်မျှပင် မနေလိုတော့ချေ။ သူ့တွင် တခြားသွားစရာနေရာလည်း မရှိပေ။

ဆင်းရဲသား တွေဟာ ရွေးချယ်စရာ မရှိဘူးလေ...


လီကျင်းရှန်၏ နေ့တဒူဝ အလုပ်မှာ အိမ်ဝေယျာဝေစ္စများလုပ်ခြင်း ကျွဲစာကျွေးခြင်းသာ မကပဲ လယ်ပိုင်ရှင်များထံသို့ ကျွဲကြီးနှင့်အတူသွားပြီး အလုပ်လုပ်ခြင်းဖြစ်သည်။ သို့မှသာ အိမ်အတွက် ဝင်ငွေအနည်းငယ်‌ ရပေမည်။

ယနေ့တော့ ကျွဲကြီးလည်း မရှိသည့် အတွက် အလုပ်လုပ်မည် ဆိုလျှင် တခြားသူရင်းငှား များကဲ့သို့ ပင်ပင်ပန်းပန်းလုပ်ရမည် ဖြစ်သည်။ ထိုအလုပ်များမှာ အရွယ်ရောက်ပြီး သူများအတွက်တောင်မှ ပင်ပန်းစေသည်၊ သူ့ကဲ့သို့ ချာတိတ်ကလေးသာ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

ထို့ပြင် သူသည် မနက်စာလည်း မစားရသေးချေ။
ခန္ဓာကိုယ် ပင်ပန်းသည်ထက် စိတ်ပင်ပန်းသည်က ပိုဆိုး၏။ လယ်ထဲယာထဲတွင်က တနေကုန် ဆဲဆိုနေသည်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါလား။

ကောက်ရိုးထုံးပေါ်သို့ ခေါင်းချလိုက်ပြီးနောက် တခြားမည်သည်မျှ ထပ်မတွေးချင်တော့ပေ။
သို့သော် သူ၏ ဗိုက်ကတော့ တဂွမ်ဂွမ် မည်နေခဲ့ လေသည်။


ဤကဲ့သို့ အခြေအနေကို သင်ကိုယ်တိုင် စိတ်ကူးကြည့်နိုင်၏။ ရည်မှန်းချက်ကြီးကြီး မည်မျှပင် ထားစေကာမူ အသိအမှတ်ပြုခြင်း မခံရဘူးဆိုလျှင် အလကားပင်။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now