အပိုင်း ၅၃

48 4 0
                                    

အပိုင်း(၅၃)

" တောင်ပေါ်က ဆင်းလာတဲ့ ရက်စက်တဲ့ကျား ... "

ရန်အန်ဇီသည် အရင်က သူသတိမထားခဲ့မိသည့် လီကျင်းရှန်၏ နာမည်ပြောင် " တောင်ပေါ်က ဆင်းလာတဲ့ကျား လီကျင်းရှန် " ကို ရုတ်တရက် သတိရမိသွားလေသည်။ ယခု သူ့ဆီသို့ တိုးဝင်လာသည့် လက်သီးချက်က လူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် မတူချေ။ အစွယ်များ လက်သည်းများထုတ်ကာ တိုက်ခိုက်လိုက်သည့် သားရဲကြီးတစ်ကောင်နှင့်ပင် တူနေလေ၏။ ဓားကို ဆုံးရှုံးလိုက်ပြီးနောက်တွင် ရန်အန်ဇီက လက်နက်မဲ့သွားသည့် ကလေးငယ်တစ်ဦပမာ ထိုးစစ်ဆင်ရန် လုံးဝမဖြစ်နိုင်တော့ပဲ ခံစစ်ကိုသာ ဦးစားပေးပြီး ရှောင်တိမ်းထွက်ပြေးရန်ကိုသာ ဦးစားပေး စဉ်းစားနေရလေတော့သည်။

မိစ္ဆာလေအေးတစ်ချက်က ရန်အန်ဇီ၏ အနောက်မှ ရုတ်တရက်ပေါ်လာခဲ့ပြီး သူ၏ စိတ်ဝိညာဉ်ကိုပင် ချုပ်နှောင်ထားခဲ့၏။ လီကျင်းရှန်သည် ပုံစံတကျ မရှိသည့် လက်သီးချက်များနှင့် ဒူး၊ တံတောင်များကို အစုံသုံး၍ ရန်အန်ဇီအား ထွက်ပြေး၍ မလွယ်ကူအောင် ဖိအားပေး တိုက်ခိုက်နေလေသည်။ ရန်အန်ဇီက ရွေ့လျားမှု နည်းပညာကို သုံး၍ နေရာအစုံ ခုန်ပေါက် ရှောင်ရှားနေသော်လည်း မထင်မှတ်ထားသည့် နံရံများ ကြမ်းပေါက်များမှ အန်ကလေး၏ တိုက်ခိုက်မှုများကလည်း လျှပ်ပြက်သကဲ့သို တစ်ချက်တစ်ချက် ဝင်ဝင်လာသေး၏။ အမှောင်ထုထဲတွင် အန်ကလေးကား မှောင်မိုက်ခြင်း နတ်ဘုရားတစ်ပါးအလား လုပ်ကြံသတ်ဖြတ်ခြင်း ဆရာတဆူအလား အမှောင်ထုနှင့် တစ်သားတည်းကျနေလေတော့သည်။

အပျော့နှင့် အမာ... ယင်နှင့်ယန် လီကျင်းရှန်နှင့် အန်ကလေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုတွဲလုံးက ရင်သပ်ရှုမောဖွယ်ကောင်းအောင်ပင် ပြီးပြည့်စုံနေခဲ့၏။ ရန်အန်ဇီသည်လည်း ခေသူမဟုတ်ချေ။ ဒဏ်ရာများ ရရှိထားသည့် ကြားမှပင် ဓားနဂါးဂိုဏ်း၏ လှုပ်ရှားမှု နည်းလမ်းကို အဆုံးစွန်ဆုံး အသုံးချ၍ လီကျင်းရှန်တို့၏ တိုက်ခိုက်မှုကို ရှောင်ရှားပြနေလေသည်။ သို့သော်လည်း ရန်အန်ဇီ၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများက တိုးသထက်တိုးလာပြီး နောက်ကျောမှ ဓားဒဏ်ရာကြီးကလည်း မခံစားနိုင်လောက်အောင်ပင် သွေးများတစက်စက်စီးကျနေပြီလည်းဖြစ်၏။ သွေးညှီနံ့များက ပြင်းထန်လှပြီး သာမာန်လူများပင် သွေးနံ့များကို ရှင်းလင်းစွာ ခံစားမိကြလေသည်။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now