အပိုင်း ၂၀

62 9 0
                                    

အပိုင်း( ၂၀ )

ထိုသို့ အမြင်ဆိုင်ရာ အရုံပြောင်းလဲခြင်းသည် ချီစွမ်းအား အမျှင်တန်းလေးမှလာသည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျွဲအိုကြီးထံမှ ရခဲ့သည့် မျက်ရည်စက်၏ ထူးခြားဆန်းကျယ်မှုအကျိုးရလာဒ်ဟု ပြောလျှင် ပိုမှန်ပေမည်။ လီကျင်းရှန်သည် သူ့ခန္ဓာကိုယ်ကို အောက်သို့ နှိမ့်ချလိုက်ပြီး လက်သီးချက်များ ပစ်သွင်းလိုက်သည်။ ' ကျွဲနတ်ဆိုးဝှေ့ကျင့်စဉ်' .... အားပြင်းသည့် လက်သီးနှစ်လုံးက သူ့ထံမှ ပျံထွက်သွားပြီး နောက်ထပ်လူငယ်နှစ်ဦးကို နောက်သို့ ထပ်မံလွင့်ပျံသွားစေပြန်၏။ သို့သော် တစ်ချိန်တည်းတွင်ပင် မုဆိုးများက လီကျင်းရှန်အား စက်ဝိုင်းသဏ္ဍာန် ဝိုင်းပတ်လိုက်ကြပြီးပြီ ဖြစ်သည်။ ကြမ်းတမ်းရက်စက်သည့် လက်သီးချက်များက လီကျင်းရှန်၏ နောက်ကျောတည့်တည့်မှ တိုးဝင်လာသည့် အခိုက်အတန့်တွင်ပင် ဘယ်ညာနှစ်ဖက်ရှိလူများက လီကျင်းရှန်၏ ခါးကိုပြေးတွန်းကာ မြေပေါ်သို့ ပစ်ကျသွားစေရန်ဖမ်းချုပ်လိုက်ကြ၏။

နေ့စဉ်နေ့တိုင်းပင်မုဆိုးများသည် တောင်ပေါ်တွင် အမဲလိုက်လေ့ရှိကြပြီး သားရဲကြီးများအား အဖွဲ့နှင့်ဝိုင်းချုပ်၍ သတ်ဖြတ်သည့် အလေ့အကျင့်နှင့် အတွေ့အကြုံရှိလေသည်။ သူတို့က ကြုံရာလမ်းဘေးရန်ပွဲများကဲ့သို့ တိုက်ခိုက်ခြင်း မဟုတ်ပေ။ လီကျင်းရှန်သည် သူတို့ထဲမှ တစ်ယောက်ချင်းဆီကို အနိုင်တိုက်နိုင်သည် ဆိုသော်လည်း ယခုလို အဝိုင်းခံရသည့် အချိန်မျိုးတွင်တော့ မြေပေါ်မှောက်ရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်နိုင်လေ၏။ နောက်ကျောမှ ဝင်လာသည့် လက်သီးချက်များကို လှည့်ကာရန်အတွက် အချိန်မရှိတော့သဖြင့် လီကျင်းရှန်က သူ့ကျောကုန်းအလည်တည့်တည့်ကို အာရုံစိုက်လိုက်ပြီး အစစ်အမှန် ချီစွမ်းအား အမျှင်တန်းလေးကို အတွေးဖြင့် ထိုနေရာသို့ စီးဆင်းသွားစေလိုက်သည်။ သူ့ကျောကုန်းပေါ်မှ ကြွက်သားများသည် ပြင်းပြင်းထန်ထန် အတူတကွပေါင်းစည်းသွားကြပြီး မသိမသာပင်ဖောင်းကားလာလေ၏။

အားပါလေးလံသည့် လက်သီးချက်များက လီကျင်းရှန်၏ နောက်ကျောသို့တိုက်ရိုက်ပင် ထိမှန်သွားသော်လည်း ထိုသည်က ကျွဲရိုင်းကြီး၏ ကျောကုန်းကို ထိုးလိုက်ရသကဲ့သို့ပင်ဖြစ်၏။ လက်သီးနှင့်အတူပါလာသည့် ခွန်အားများအားလုံးက စုပ်ယူခံလိုက်ရပြီးကြွက်သား တစ်လျှောက် ပျံ့နှံ့သွားလေသည်။ လီကျင်းရှန်၏ ခန္ဓာကိုယ်က တချက် တုန်သွားသည်က လွဲ၍ တခြားမည်သည်မျှ ထပ်မံဖြစ်မလာပေ။ တစ်ချန်တည်းတွင်ပင် ဘေးနှစ်ဖက်မှ လီကျင်းရှန်၏လက်ကောက်ဝတ်အား ဖမ်းချုပ်ထားသူ နှစ်ဦးသည်လည်း လီကျင်းရှန်၏ ခန္ဓာကိုယ်ကြီးက မြေကြီးတွင်အမြစ်တွယ်နေခဲ့သည်လားဟုပင် ခံစားမိလိုက်ကြပြီး ထိုနှစ်ယောက်ကသူ့အား ရွေ့အောင်ပင် မလုပ်နိုင်ချေ။ လူသုံးဦးစလုံးက အားကုန်သုံးကာ တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း သူတို့၏ သတ္တိများက ရုတ်ချည်းပင် လျော့ကျသွားလေသည်။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now