အပိုင်း ၂၆

54 6 0
                                    

အပိုင်း( ၂၆ )

ထူထဲပြီး ပူနွေးသည့် စီးကြောင်းလေးတစ်ခုက လီကျင်းရှန်၏ ဝမ်းဗိုက်ထဲတွင် ဆူပွက်လာခဲ့၏။ သူက ချက်ချင်းပင် ထရပ်လိုက်ပြီးနောက် ဝမ်းဗိုက်ထဲမှ ပူနွေးသည့် စွမ်းအင်စီးကြောင်းလေး ပျောက်ကွယ်သွားသည်အထိ ခြံဝင်းထဲတွင် လက်သီးချက်များအား လေ့ကျင့်လိုက်သည်။ လေထဲတွင် လက်သီးချက်များ ထိုးရင်းဖြင့် သူက အကျိုးရှိရှိ အသုံးချပြီးနောက်မှ ရပ်တန့်လိုက်ပြီး အနားယူကာ အသက်ရှူလိုက်၏။ ပုံမှန်အားဖြင့် သူက လက်သီးနည်းစနစ်ကို အချိန်ကြာမြင့်စွာ လေ့ကျင့်ပြီးသည့်အခါ သူက ပင်ပန်းနွမ်းနွယ်သွားလေ့ရှိသည်။ သို့သော် ယနေ့တွင် လေ့ကျင့်ပြီးသော်လည်း သူ၏ စိတ်ဝိညာဉ်က တက်ကြွလန်းဆန်းနေဆဲပင် ဖြစ်၏။ ဂျင်ဆင်းစိမ်ပြီး နှပ်ထားသည့် ဆေးအရက်၏ အာနိသင်ကား အသားစားချင်းထက် သိသိသာသာ ပိုကောင်းပေသည်။ ထို့အပြင် ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင် အမျှင်တန်းလေးက အနည်းငယ်ပို၍ ကြီးထွားလာခဲ့ပြီဖြစ်၏။ အနည်းအကျဉ်းကလေးသာြဖစ်သော်လည်း လုံးဝမတိုးတက်သည်ထက်စာလျှင်တော့ ထိုအရာက တိုးတက်မှုတစ်ခုသာဖြစ်သည်မဟုတ်ပါလား။

" သာမန်ဂျင်ဆင်းစိမ်ထားတဲ့ ဆေးအရက်က ထိုသို့သော အာနိသင်ရှိ၏။ အကယ်၍ စိတ်ဝိညာဉ်ဂျင်ဆင်းသာ ဆေးစိမ်၍ သောက်လိုက်ရလျှင် မည်သို့ဖြစ်လာမည်နည်း ..။ လီကျင်းရှန်သည် ထိုသို့တွေးမိပြီးနောက် စိတ်ဝိညာဉ်ဂျင်ဆင်းကို ရဖို့အတွက် ရုန်းကန်ရမည့် ခက်ခဲမှုများကို ပြန်လည်စဉ်းစားမိ၏။ ထို့နောက် ရလာမည့် အကျိုးအမြတ်ကို ပြန်စဉ်းစားမိပြန်သည်။ သူကား မတင်မကျနှင့် ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတော့၏။ ရက်အနည်းငယ်ကြာသည့်အခါ အမဲလိုက်မုဆိုးတချို့ တောင်ပေါ်မှ ပြန်ဆင်းလာကြသည်ကို တွေ့လိုက်ရပြီး မုဆိုးများမှာ သေသူသေ ဒဏ်ရာရသူရနှင့် ဖြစ်လေသည်။ ထိုအချက်က ဂျင်ဆင်းစုဆောင်းသူများမှာ အလွယ်တကူ ရင်ဆိုင်နိုင်သည့် လူမျိုးမဟုတ်ကြောင်းကို ပြနေပေ၏။ လီကျင်းရှန်သည် မြင်းတပ်ရွာတွင် နေထိုင်မည်ဟု သဘောတူခဲ့သော်လည်း ရွာနှစ်ရွာကြားတွင်တော့ မြေစာပင်အဖြစ်ခံရန် အစီစဉ်မရှိချေ။

လီကျင်းရှန်နဲ့အန်ကလေးWhere stories live. Discover now