ကျွန်တော်က သူမဟုတ်ဘူး
အပိုင်း၈
အိမ်ထောင်သက်တမ်းကြာနေပါပြီလေ ဒါပေမယ့် ခန့်စစ်သွေးလည်း သိတတ်တဲ့ အရွယ် ရောက်လာပြီ ဟူးးးးကလေးတဲ့လား သားရယ် ဘယ်လို ယူရပါ့မလဲ ပါးပါးက ဆေးမသောက်ဘဲနေပေးရမလား တစ်ဖက်က သားဆန္ဒကိုဖြည့်ဆည်းပေးရင် တစ်ဖက်က သားဖေဖေ က ကြည်ဖြူမှာတဲ့လား ပါးပါး မတွေးနိုင်တော့ဘူးကွယ် ဟူးးးးးးးသိက္ခာ တစ်ယောက်အမြဲ တွေးဝေးနေတဲ့ ကိစ္စတွေထည်း ဒီကိစ္စကို သူဘယ်လိုမှ မကိုင်တွယ်နိုင်တော့အမှန်ပင် တစ်ဖက်က အဖေ ကိုကြည့်ရသလို တစ်ဖက်က သားကိုလည်း သားအရင်းတစ်ယောက်ချစ်ရသည်မို့ မျက်နှာမငယ်စေချင်ပင် တစ်ဖက်လည်း သူသိပ်ချစ်ရတဲ့ယောက်ျား ဒေါသထွက်ပြီ လက်မခံမှာကိုလည်း ကြောက်မိတယ် အကောင်းဘက်က တွေးမိပြန်တော့ဘူး သားလေးရဲ့ဆန္ဒပြည့်ပြီ သူ့ချစ်ရတဲ့ယောက်ျားက ပြန်ချစ်လားမလား ဟူးးးးတကယ် တွေးရခက်တဲ့ အတွေးကြား ညကို အိပ်စက်ခဲ့ရပြန်တယ်
"မောနီး ပါးပါး"
"သားနိုးပြီလား"
"ပါးပါး သားညက ပြောတဲ့ ကိစ္စ"သိက္ခာ မသိချင်ယောင်ဆောင်ရင်း စကားလွဲလိုက်သည်
"ဪ...ညက ထမင်းကြမ်းတွေကျန်နေတေးတာဘဲ...ထမင်းလေးကို ကြော်လိုက်မယ် သားစားမယ် မို့လား"သိက္ခာ မြန်မြန် ထမင်းအိုးကို ဖွင့်တော့ ထမင်းတစ်စက်မှ မရှိနေ သံဃသ ၀င်စွာ ဟင်းအိုးလှန်တော့ထိုနည်းစွာဘဲ ညက ကြောင်များတက်စားသလား
အို မဖြစ်နိုင်ပါဘူးငါသေချာ တံခါးတွေ ပိတ်ခဲ့တာဘဲလေ
"ဘာဖြစ်လို့လဲ ပါးပါး မရှိတော့လို့လား"
"သားညက ထစားတေးလို့လား"
"သားထမစားပေးမယ့် ဖေဖေကတော့ ထစားတယ်လေ
ဟုတ်တယ် မဟုတ်လားဖေဖေ"
"ဟမ်..!!"ဘယ်တုန်းက ရောက်နေလည်းမသိတဲ့ ထက်မာန်
"ဒီတိုင်း ကြွက်စားသွားတာ နေမှာ"
"ကြွက်!! ဘယ်ကသာမောင်ရယ် အိမ်မှာ ကြွက်မရှိပါဘူး"
"ငါရှိတယ်ဆို ရှိလိုက်လေ"ခက်သားမောင်ရယ် ၀န်ခံဖို့ဒီလောက် ခက်လား?
"သားကျောင်းသွားတော့မှာမို့လား ပါးပါးလိုက်ပို့ပေးရမလား"
"ရပါတယ် ပါးပါး သားအတွက် ဆရာတစ်ယောက်လောက်ရှာပေးပါဦး"
"အသက်ကြီးကြီးထည်းက ရှာပေးလိုက်"
"ဟုတ်ကဲ့မောင်"
"မောင် သားကလေ အရမ်းတည်ငြိမ်လာသလားလို့"
"ငါလည်း အဲ့လိုထင်တယ်"
"သားဘာလိုချင်လည်းမေးကြည့်ပါလားဟင်"
"အွန်း...ဒီည ညစာမစားထားနဲ့"
"ဟုတ်ကဲ့မောင်"
YOU ARE READING
ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete
Romanceမောင်.....!! ငါ့ကို ရွေးချယ်ပေးလို့ရမလား နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ဘက်ကို ငဲ့ညှာပေးလို့ရမလား ဟူးးးးမောင် ငါသိလိုက်ပါပြီ အမြဲ ငါက အစားထိုးတစ်ယောက်ဖြစ်ခဲ့တာဘဲ မဟုတ်ဘူး ငါက ဒီတိုင်းမောင်ပြောသလို ကလေးထိန်းဖြစ်ခဲ့ရုံတင်ဘဲ မောင်မှန်ပါတယ် နောင်တမရ...