28zaw

782 27 0
                                    

အပိုင်း၂၈

နေမင်းခန့် သူဘေးက ထိုင်နေတဲ့သူကိုကြည့်လိုက်တယ်။ထိုသူရဲ့နှုတ်ခမ်းနားမှာ cream အနည်းငယ်ပေနေတယ်။နေမင်းခန့်လက်လှန်းပြီ သုတ်ပေးမယ် လုပ်လိုက်တော့ ထိုသူက သူမျက်နှာအား သူ့ရှေ့သို့‌တိုးလာပေးတယ်။နေမင်းခန့် ထိုသူရဲ့ အနီးကပ်မျက်နှာကို ကြည့်မိလိုက်တော့ ညာဘက်မျက်လုံးထောင့်စွန်းနားက မှည့်လေးက အရမ်းကို ဆွဲဆောင်မူရှိပြီ နှုတ်ခမ်းရဲရဲလေးပေါ်တင်နေတဲ့ cream လေး လက်နဲ့မသုတ်ပေးချင်ပါ။

နေမင်းခန့် လက်ကို နေမင်းပြည့်စုံ ဖျက်ခနဲ ရိုက်ချလိုက်တော့သည်။သူရိုက်ချလိုက်တာ အားသိပ်မပျင်းပါ။အဲ့တာကို ဟို ဒေါက်တာပေါက်စသောက်ကလေးက အသဲအသည်းခဲမှန်နေပါရဲ့။

"‌ရရဲ့လား နေ...!!"

ကျစ်!!အန်ချင်စရာ...ယိ့ကို နေ တဲ့လား...

"ရပါတယ်..."

မျက်နှာငယ်လေးနဲ့ပြောလားတဲ့ နေမင်းခန့်ကို ကြည့်ပြီးမျိုးခန့်မာန် နေမင်းပြည့်စုံဘက်ကိုလှည့်ကာ...

"ဦး!!ဒါဘယ်လို လုပ်လိုက်တာလဲ!"
"မြင်တဲ့အတိုင်း..."

အေးစက်ကာ သူမဟုတ်သော လေသံနဲ့ပြောလာတဲ့ သူ့ရဲ့ဦးကို မျိုးခန့်မာန် ဒေါသထွက်လွန်းလို့ပင်။

"ဦးဒီလိုလုပ်ရအောင် သူက ဦးကို ဘာလုပ်နေလို့လဲ.!!"
".........."
"ဖြေလေ..!!"
"........"
"ဦး!!"
"ထားလိုက်ပါ ခန့်ရယ် ငါ ဘာမှ မဖြစ်ပါဘူး..."
"ကျစ်!!...ဒါဘယ်လဲ!!"
"ပြန်မလို့..!!"
"အစထည်းက ဘာလို့ လိုက်လာသေးလည်း..!!!"
"........."

သူကိုပင် မကြည့်ကာ လှည့်ထွက်သွားတဲ့ ဦးရဲ့ ကျောပြင်ကို ကြည့်ပြီ တစ်ချက်ပြုံးလိုက်တယ်။ထို့နောက် မျိုးခန့်မာန် နေမင်းခန့် ကို ‌ဦးအစားတောင်ပန်းကြောင်းပြောပြီ သူရဲ့ ကျောပြင် ‌ပိုင်ရှင်လေးနောက်အား ပြေးလိုက်သွားတော့သည်။

ဦးနဲ့ မနီးမဝေးရောက်တော့ ဦးက မိန်းမ တစ်ယောက်နဲ့ စကားရပ်ပြောနေသည်။သာမန် စကားပြောနေချင် မဟုတ်ပေ။တစ်ခုခု ကိုရန်လိုနေတဲ့ မိန်းမ ကိုကြည့်ကာ မျိုးခန့်မာန် ဦးအနားသို့ အမြန်ပြေးသွားလိုက်သည်။

ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete Donde viven las historias. Descúbrelo ahora