21uni

3.2K 142 17
                                    

ကျွန်တော်ကသူမဟုတ်ဘူး
အပိုင်း၂၁

ဘ၀ တွေက တိုတောင်းလွန်းပါတယ်။ကိုယ့်ရဲ့အောင်မြင်မူအတွက်နဲ့ သူများဘ၀ကို မနင်းချေမိပါစေနဲ့။

သိက္ခာ တွေးတောနေရင်း အရင်က သူတို့ နေခဲ့တဲ့ ကွန်ဒို အခန်းလေးကို ပြန်ရောက်လာတယ်။နေမင်းပြည့်စုံပါ လိုက်လာတာ မို့ အိမ်မှာ ကျွန်တော်ရယ် နေမင်းရယ် အမွှာ နှစ်ယောက်ရယ် စုစုပေါင်း ၄ယောက် ဖြစ်နေတယ်။နေမင်းက ရှာတယ် ‌ကျွန်တော်က ထိုင်စားတယ်။ဒါပေမယ့် ကျွန်တော် အိမ်မူကိစ္စ တွေ အကုန်လုပ်ပေးတယ် အဲ့လောက်လုပ်ပေးရုံနဲ့ သူ့ကျေးဇူးတွေ မကျေမှန်းသိပါတယ်။ဒါပေမယ့် ကျွန်တော်လည်း မတတ်နိုင်ဘူးလေ။ အလုပ်ထွက်လုပ်မယ် ပြောတော့လည်း မရပြန်ဘူး။ နောက်ဆုံး အိမ်မှာ နေလိုက်၊ သူလာခေါ်ရင် ကလေးတွေနဲ့ အပြင်သွားလိုက်နဲ့ ၄နှစ်တာ အချိန်က ဘယ်လို ကုန်ခဲ့လည်းမသိဘူး။ သားလေးနဲ့ သမီးလေး မွေးနေ့လုပ်ပေးတိုင်း မွေးနေ့ကိတ်က သုံးခုဖြစ်နေတတ်တယ်လေ။ ၁၅ နှစ်ပြည့် မွေးနေ့အတွက် ‌လက်ဆောင် မပြင်ပေးခဲ့ဖူးတော့၊၁၆၊၁၇၊၁၈၊၁၉ နှစ်ထိ တိုင်အောင် သားအတွက် လက်ဆောင်၀ယ်ပေးပြီးသိမ်းထား‌ဖြစ်တယ်။ အခုသားနဲ့ အရင်သွားတွေ့ရမှာမို့ နေမင်း ကို လိုက်ပို့ခိုင်းကာ အမွှာ နှစ်ကောင်ကိုပါ တစ်ခါတည်း ခေါ်လာ လိုက်တော့တယ်။

ခနကြာတော့ ရန်ကုန်ဆေးတက္ကသိုလ် သို့ ကားလေး ဆိုက်သွားတော့တယ်။

မျိုးခန့်မာန် သူ့ပါးပါး ကို တွေ့တာ နဲ့ တန်းပြေးဖက်ကာ ဘေးက ဘယ်သူတွေ ပါမှန်းတောင် သတိ မထားမိတော့ပေ။ ခနကြာတော့ လွတ်ကာ ဘေးက ‌ပိစိလေး နှစ်ယောက်နဲ့ ခန့်ညားပြီး ရှည်လျားတဲ့ အရပ်ကြီးနဲ့ ရပ်နေတဲ့ ဦးကို တွေ့လိုက်ရတယ်။

"ပါးပါး ‌သူတို့လေးတွေက...?"
"သား ညီလေးနဲ့ ညီမလေးလေ"
"တိုတို...×၂"
"ဗျာ..."

သံပြိုင်ထွက်လာတဲ့ ကလေးတွေက ကျွန်တော့်ကို သိနေတဲ့အလား တကယ့် ချစ်စရာလေးတွေပါ ပါးလေးတွေက ဖောင်းနေပြီ ရဲနေလို့ပင်

"ညီလေး နမည်က ဘယ်လိုခေါ်လည်း"
"တားနမည်က ရွန်းခံမန်း"
"ဟမ်....?"
"လွန်းခန့်မာန် လို့ ပြောတာ သား"
"ဪ...ညီမလေး နမည်ကရော"
"သနီး နမည်က လွန်းမာန်သိက္ခာ"
"ဪ....ကို့ကို နမည် ရောသိကျလား"
"တိရယ်.."
"ပြောပါဦဗျာ..."
"ခံစစ်တွေး"
"ဟားးး×၃"
"သား။ဖေဖေ ရော နေကောင်းလား..?"

ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete Où les histoires vivent. Découvrez maintenant