ကျွန်တော်ကသူမဟုတ်ဘူး
အပိုင်း၂၆လွန်ခဲ့သော အနှစ် ၂၀ က ကိစ္စ ကိုပြန်သွားရမယ် ဆိုရင် အထက်တန်းကျောင်းသားဘ၀ပေါ့ ထက်မာန်ရယ် ကျွန်တော်ရယ် ရဝေရယ် သုံးယောက်ကသူငယ်ချင်းအရင်းကြီးတွေ။ ကျွန်တော်ကောင်မလေးတွေနဲ့ တွဲတိုင်း ကျွန်တော့် သူငယ်ချင်းတွေကို သတိပေးခဲ့တယ်။ ပြောရမယ်ဆို သုံးယောက်ထည်းမှာ ကျွန်တော်က အပွေဆုံးဘဲ ပေါ့။ ထက်မာန် ကတော့ရည်းစားမထားခဲ့ဘူး လွန်းစစ်သွေး ပေါ်လာမှ အဲ့ကောင် ချစ်တတ်ခဲ့တာ။ ဒါပေမယ့် အကိုလွန်းသိက္ခာ နဲ့ကျတော့ အဲ့ကောင် ချစ်တာထပ်ကို ပိုသွားခဲ့ပြီပေါ့။ တစ်နေ့ ကျွန်တော် ကာယချိန် အတန်းထည်းမှာ အိပ်နေခဲ့တယ်။ ကာယ ဆရာကိုတော့ ကျွန်တော် နေမကောင်းဘူးဆိုပြီ လိမ်ခဲ့လိုက်တယ်။
"ဆရာ ဇင်မင်းကိုကိုရောခင်ဗျာ"
"မင်းတို့ သူငယ်ချင်း နေမကောင်းလို့ဆိုလားဘဲ အတန်းထည်းမှာဘဲ နားပါရစေတဲ့"
"အဲ့တာဆို ဆရာ ကျွန်တော် သူ့ကို အဖော်ပြုပေးလိုက်ဦးမယ်"
"အေးအေးသွားသွား"
"ထက်မာန် မင်းလိုက်မှာလား..?"
"တော်ပြီ ငါ အားကစားလုပ်မလို့"
"အဲ့တာဆို ငါသွားပြီနော်"ကျွန်တော် အတန်းထည်း၀င်သွားတော့ ဇင်မင်းက စားပွဲခုံပေါ် ခေါင်တင် ကာ အိပ်တော့သည်။ပြတင်းပေါက်က လာတဲ့ နေရောင်က ဇင်မင်း မျက်နှာပေါ်တွင် ဖျာကျကာ အင်မတန်ကို လှတဲ့မြင်ကွင်းပြင်ဖြစ်သည်။ရဝေ မျက်လုံးမခွာနိုင်ဖြစ်ကာ ဇင်မင်းနားသို့ ခြေသံတိတ် လျှောက်သွားတော့သည်။ရဝေ အိပ်နေတဲ့ သူနားကို ခေါင်ငုံလိုက်ကည အနီးကပ်ကြည့်လိုက်သည်။
မင်းက အနီးကပ်ကြည့်ရင် သိပ်ကို ချောတာဘဲ။ငါအတွေးတွေကို သိရင် မင်းငါ့ကို မုန်းသွားမလားမသိပေမယ့် ဒီစိတ်ကိုတော့ ငါ မထိန်းချုပ်နိုင်လို့ မင်းခွင့်လွတ်မယ်မို့လား။
ရဝေ ဇင်မင်းရဲ့ လှပလွန်းတဲ့ နှုတ်ခမ်းတစ်စုံကို မျက်စိရောက်သွားကာ ထိုမထူးမပါး နှုတ်ခမ်းအား ရဝေ နှုတ်ခမ်းနဲ့ တစ်ထပ်ထည်းကျစေလိုက်သည်။ ထိုအနမ်းက ရဝေ ရဲ့ ပထမဆုံး အနမ်းဖြစ်ပေသည်။ရဝေ မသိခဲ့ တာကတော့ ဇင်မင်းရဲ့ ပထမ ဆုံး အနမ်းလည်းဖြစ်ပေသည်။ ထိုအချိန်မှ စ၍ ဇင်မင်း တစ်ယောက် ရည်းစားတွေကို မှိုလို ပေါက်အောင် ထားတော့သည်။
ESTÁS LEYENDO
ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete
Romanceမောင်.....!! ငါ့ကို ရွေးချယ်ပေးလို့ရမလား နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ဘက်ကို ငဲ့ညှာပေးလို့ရမလား ဟူးးးးမောင် ငါသိလိုက်ပါပြီ အမြဲ ငါက အစားထိုးတစ်ယောက်ဖြစ်ခဲ့တာဘဲ မဟုတ်ဘူး ငါက ဒီတိုင်းမောင်ပြောသလို ကလေးထိန်းဖြစ်ခဲ့ရုံတင်ဘဲ မောင်မှန်ပါတယ် နောင်တမရ...