ကျွန်တော်က သူမဟုတ်ဘူး
အပိုင်း၁၁"ပါးပါး ဖေဖေကို မေးပြီးပြီလား...?"
"မေးပြီးပြီ သား ခနနေ သားအဖေ အလုပ်သွားရင် အဖေတို့ ပြင်စရာရှိတာ ပြင်လို့ ရပြီ..."
"ဟုတ်ပါးပါး အစီအစဉ် သေချာဆွဲထားမှ ရမယ်ပါးပါး စကားပုံတောင် ရှိပါတယ် အစကောင်းမှာ အနောက်ဘာဖြစ်တယ် ဆိုလားဘဲ"
"အမလေးတော် သားကြီးရေ နင့်သားပေါက်စက တော်ချက်အေ ဘာတဲ့ အစကောင်းမှအနှောင်းသေချာမယ် ကို အနောက် ဘာဖြစ်လည်းဆိုတော့ ငါမရီချင်တော့ဘူးအေ"
"အမေကလည်း..."
"ဖွားဖွားနော် သားစိတ်ဆိုးလိုက်ရမလား"
"အမလေး ရွှေစိတ်တော်မငြိုငြင်ပါနဲ့ တကောက်သားရယ်"
"ဟွန့်...."
"ကဲ...မြေးဖွားနှစ်ယောက်ရန်မဖြစ်ကျနဲ့တော့ စကားနောက်မှ ပြောပြီ အလုပ်ကို အရင်လုပ်ရအောင်"
"ကောင်းပြီး ပါးပါး သား decoration ကိုတာ၀န်ယူလိုက်မယ် ဖွားဖွားကသာ အစားအသောက်တဲ့ တာ၀န်ယူလိုက်....ပြီးတော့ အန်တီမနှင်းက သန့်ရှင်းရေးအပိုင်းနော် ဦးလေးကိုဦးက ခြံသန့်ရှင်းရေးလုပ်ပြီ အပင်ရေလောင်းထားလိုက်တော့ သားတို့၀တ်မဲ့ဟာကို ပါးပါးက တာ၀န်ယူ"
"ဟုတ်ပါပြီဗျာ လူကြီးလေးရယ်"
"ငါမြေးက တော်တယ်တွေ့လား ဆရာ၀န်ကြီးဖြစ်မှာ သေချာပေါက်ဘဲအေ"
"သား ဆရာ၀န် မလုပ်ချင်ပါဘူး"
"ဘာလို့လဲ သားရဲ့"
"သားက စုံထောက်လုပ်ချင်တာ"
"စုံထောက်ဆို ပါးပါးသိပ်မကြိုက်ပါဘူး သားဝါသနာပါရင် လုပ်ပေါ့ ပါးပါး မတားချင်ဘူး"
"ပါးပါးက ဘာဖြစ်စေချင်တာလဲ"
"ပါးပါး ဘာဖြစ်စေချင်လည်း မပြောပါဘူး သားဝါသနာပါတာလုပ်"
"ဆရာ၀န်ဘဲ လုပ်တော့မယ် ဗျာ"
"ဟုတ်ပါပြီ သားသဘော...."
"ဟုတ်"ဒီနေ့ကတော့ ကျွန်တော် ဘာလုပ် မလုပ်လိုက်ရပါဘူး သားက သူဘဲ အကုန်စီမံနေတာ ဘာတဲ့ ပါးပါးက သူတို့၀တ်ဖို့ပြင်ပေးတဲ့ ပါးပါးသိတာပေါ့ သားစိတ်ကို အရမ်းနုညံပြီ ဖြူစင်လွန်းတယ် ငါ့သားအရင်းမဟုတ်ဘူးဆိုတာ သိရင် ငါ့ကို မုန်းများမုန်းသွားမလား...ဟာ မင်းဘာတွေ တွေးနေတာလဲ လွန်းသိက္ခာမျိုး သူက မင်းသားအရင်းဘဲလေ မင်းငယ်ငယ်ထည်းက စောင့်ရှောက်လာတာ မင်းသားအရင်းလိုဘဲ....ငါ့အသားအရင်းမဟုတ်ဘူးဆိုတာ အမေနဲ့ မောင်ဘဲ သိတာ ကျန်တဲ့သူတွေ သိတဲ့ကိစ္စ မှ မဟုတ်တာ..ငါအတွေးထည်း နယ်ကျွန်နေလို့မဖြစ်ဘူး
ESTÁS LEYENDO
ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete
Romanceမောင်.....!! ငါ့ကို ရွေးချယ်ပေးလို့ရမလား နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ဘက်ကို ငဲ့ညှာပေးလို့ရမလား ဟူးးးးမောင် ငါသိလိုက်ပါပြီ အမြဲ ငါက အစားထိုးတစ်ယောက်ဖြစ်ခဲ့တာဘဲ မဟုတ်ဘူး ငါက ဒီတိုင်းမောင်ပြောသလို ကလေးထိန်းဖြစ်ခဲ့ရုံတင်ဘဲ မောင်မှန်ပါတယ် နောင်တမရ...