ကျွန်တော်ကသူမဟုတ်ဘူး
အပိုင်း၁၈တစ်နေ့တစ်နေ့ လုပ်ရတဲ့ အိမ်ကစ္စတွေကြောင့် လွန်းစစ်သွေး လောင်းကစားရုံလည်း မသွားဖြစ်ခဲ့ပါ။ညဆို club တက်တာလည်း ရှားလားခဲ့တယ်။အဲ့တာကတော့ ခန့်စစ်သွေးကြောင့်ပင်ဖြစ်သည်။
ကျစ်!! သောက်ကျိုးမပေးတဲ့ ကလေး ငါ့ကို သွေးတိုးစမ်းနေတာဘဲ ငါလုပ်ပြမယ် ကြည့်နေ
လွန်းစစ်သွေးတစ်ယောက် မူယာမယာများကာ မနက်ထမင်းစားဝိုင်းမှာ စကားစလေသည်
"ကိုကို ဒီနေ့ စားရတာ အဆင်ပြေရဲ့လား.."
"ပြေပါတယ် သွေးကြည့်ရတာ ဖြူဖက်ဖြူရောနဲ့ အဆင်ပြေရဲ့လား"
"ပြေပါတယ် ကိုကိုရယ်..."လွန်းစစ်သွေး တစ်ယောက် ခန့်စစ်သွေး အတွက် နွားနို့ ကြိုထားတယ် ပြောကာ ထယူပေးမယ်ဆိုပြီလှည့်အထွက် မူးလည်း ကျသွားတော့သည်။
"သွေး..!!သွေးးး သတိထားပါဦး..."
ထက်မာန်တစ်ယောက် ချက်ချင်း ဗျာများသွားတာ လွန်းစစ်သွေးကို ပွေ့ကာ အခန်းထည်း ၀င်သွားတော့သည်။
"ဒီနေ့ကစပြီ မင်းဘဲ အိမ်အလုပ်ပြန်လုပ်လိုက်တော့ လွန်းသိက္ခာ"
"ဗျာ!!!! ပါးပါးက မပေါ့မပါးကြီး နဲ့လေ။ပြီးတော့ ဦးသွေး အိမ်အလုပ်လုပ်တာက တပတ်ဘဲ ရှိတေးတာ ဒါလေးတောင် မလုပ်နိုင်ဘူးလား။ ကျစ်!! ထိုင်ပြီ နမည်ကြီးတံဆိပ်တွေဘဲ ရွေးတတ်တာလား..?"
"တောက်စ်!! ခန့်စစ်သွေး!!ဒါမင်း ပါးပါးကွ.."
"ဒီလို လူက ကျွန်တော့ ပါးပါး ဖြစ်စရာကို မရှိတာ"
"ကျစ်!!"ထက်မာန် တစ်ချက်ဆုတ်သတ်လိုက်ကာ သူ့သားက ဘာလို့ မယုံ နိုင် ဖြစ်နေတာလဲ သူမသိ။
"အေး ...မင်းမယုံရင် DNA စစ်ပြမယ်!!"
DNAဆို တဲ့ အသံကိုကြားတာနဲ့ လွန်းစစ်သွေး မူးလည်းရာကနေ ချက်ချင်းသတိရလာကာ
"သားးး"
တိုးလျပြီ ခြောက်သွေ့သော အသံနဲ့ခေါ်ကာ
"သားမယုံရင်တောင်မှ ပါးပါးကို ဒီလို မပြောပါနဲ့ သားက ပါးပါး လက်ထည်းမှာ ဘဲ ကြီးလာတာ ပါ။ ပါးပါး ကိုယ်တိုင် မွေးထုတ်ထားတာ သားမယုံဘူးလား!! ပါးပါး သားငယ်ငယ်တုန်းက အကြောင်းတွေပြောနိုင်တယ်..!! သား ပါးပါး လို့ခေါ်နေတဲ့သူက ပြောနိုင်လားမေးကြည့်"
"အဲ့တာ တွေအရေးမကြီးဘူး DNA ဘဲ စစ်ကျတာပေါ့"
YOU ARE READING
ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete
Romanceမောင်.....!! ငါ့ကို ရွေးချယ်ပေးလို့ရမလား နောက်ဆုံးတစ်ကြိမ်လောက်ဖြစ်ဖြစ် ငါ့ဘက်ကို ငဲ့ညှာပေးလို့ရမလား ဟူးးးးမောင် ငါသိလိုက်ပါပြီ အမြဲ ငါက အစားထိုးတစ်ယောက်ဖြစ်ခဲ့တာဘဲ မဟုတ်ဘူး ငါက ဒီတိုင်းမောင်ပြောသလို ကလေးထိန်းဖြစ်ခဲ့ရုံတင်ဘဲ မောင်မှန်ပါတယ် နောင်တမရ...