25uni

3K 189 35
                                    

ကျွန်တော်ကသူမဟုတ်ဘူး
အပိုင်း၂၅

ရဝေမောင် နိုးလာချင်းဘဲ မရင်းနှီးတဲ့ ဆေးချယ်နံရံများကြောင့် ဘေးဘီ ကြည့်လိုက်ကာ သူ့ရဲ့ဘေးမှာ အိပ်နေတဲ့ လူတစ်ယောက် ‌ကိုတွေ့လိုက်ရတယ်။ ထိုကလေးကို ကြည့်ရတာ အသက်ပြည့်မဲ့ပုံလည်းမပေါ်တာမို့ ရဝေမောင် ခေါင်ပူသွားရတယ်။ခနကြာတော့ ဘေးက ကလေးက လှုပ်လာကာ နိုးလာတော့သည်။

"အွန့်.....ဝါးးးးးးး....အယ်!! ခဗျားနိုးပြီလား"
"ဟမ်..?"
"ဘာဟမ်လဲ"
"မင်းနဲ့ငါ ညက..?*
"ညက ခဗျားတော်တော် ဒုက္ခပေးတာ"
"ဟမ်...?"
"ထားလိုက်ပါတော့ဗျာ"

စကားကို အဆုံးမရှိ အစ မရှိပြောနေ‌တဲ့ သူရှေ့က လူကို ကြည့်ကာ ရဝေမောင် ထလိုက်တော့သည်။ ရဝေမောင် ထလိုက်တာနဲ့ တစ်ပြိုင်နက်ထည်း ခါးက စစ်ကနဲ နာသွားတော့သည်။

ဒါဆို ညက...ညက..ငါရဲ့ ပထမဆုံးအကြိမ် ကို အဲ့ကောင်လေးယူသွားတာပေါ့.....?ဟာကွာ!! ဒီလို ဘာမဟုတ်တဲ့ ကလေး လက်ထည်း ထည့်ပေးလိုက်ရတယ်လို့ကွာ...!!

ရဝေမောင် ကုတင်ပေါ်က ထိုကလေးကိုကြည့်ကာ မတတ်နိုင်ဘူးလေ ဖြစ်ပြီးမှတော့ တာ၀န်ယူရမှာပေါ့။
သူပြောမယ်ဘဲ ကျန်တုန်း ထိုကလေးရဲ့ဖုန်းက လာလို့ ဖုန်းထွက်ပြောလေ သည်။

"ဟယ်လို..."
"မင်းငါ့အကြွေး ဘယ်တော့ ဆက်မှာလဲ"
"ကျွန်တော် ဆပ်မှာပါ အကိုတို့ရယ် မကြာပါဘူး"
"‌မလိုချင်ဘူး ငါတို့ သဘက်ခါ လိုချင်တယ် မင်းမဆပ်နိုင်တေးရင်တောင် ၅သိန်း လာပေးထားတဲ့"
"ကျွန်တော် ၂ရက်တွင်း ငါးသိန်း ဘယ်လိုသွားရှာရမှာလဲ"
"ကြိုက်တဲ့နည်း နဲ့သာ ရှာလာခဲ့"

နေမင်းခန့် စိတ်ညစ်ညစ်နဲ့ အခန်းထည်းကို ပြန်၀င်လာတော့ ထိုလူက...

"မင်း ငါ့ကိုတာ၀န်ယူရမယ်"

ကျစ်!!တစ်ယောက်ထည်းတောင် မြိုဖို့ အစဉ်မပြေရတဲ့ကြားထည်း သူက ဘာတွေ လာရှုပ်နေတာလဲ

"ကျစ်!!! ကျုပ်ဘာသာတောင် မနည်းရှာစားနေရတာ"
"စား၀တ်နေရေး ကိစ္စအတွက် စိတ်မပူနဲ့ ငါ ထောက်ပံ့ပေးနိုင်တယ် မင်းရဲ့ အ၀တ်အစား နေရေး‌ထိုင်ရေးကအစ ငါဘက်က တာ၀န်ယူတယ် မင်းလုပ်ရမှာ ငါ့ကို တာ၀န်ယူဖို့ဘဲ"

ကျွန်တော်ကသူမဟုတ်ဘူး(I am not him) Complete Donde viven las historias. Descúbrelo ahora