Unicode
" ဂယူဘင်းဟျောင်း လာနောက်နေပြန်ပြီလား ကြာလာရင်တော့စိတ်မရှည်တော့ဘူးနော် "
အော်ပြီးတော့အိမ်ထဲဝင်လာတဲ့သူ့အစွာလေးကိုကြည့်ပြီး ဂယူဘင်းတစ်ယောက် အသည်းယားစွာဖြင့် ရယ်လိုက်မိသည်
" ကျောင်းကအခုမှဆင်းတာလား ယူဂျင်းဂျယ် "
" ဟုတ်တယ် ကျောင်းပြန်လာတာက မောပါတယ်ဆို မြင်လိုက်ရတဲ့ပုံတွေကြောင့် ပိုအမောဆို့ရတယ် ဂင်ဂယူဘင်းရှီ "
" ကိုယ်တင်ထားတဲ့ပုံတွေကိုပြောတာလား အဲ့ပုံတွေထဲကတစ်ယောက်က ကိုယ်တို့တက္ကသိုလ်ကလပ်က ခေါင်းဆောင်လေ ကိုယ်နဲ့ဘာမှမပတ်သတ်ဘူး ကလေးရဲ့ "
" ဟူး....ဟုတ်ရဲ့လားတော့မသိဘူး အမြဲတမ်းသူငယ်ချင်းပြောလိုက် ခေါင်းဆောင်ပြောလိုက်နဲ့ စိတ်တော်တော်ရှုပ်လာပြီ "
" ဟော ကိုယ်ကကိုယ့်အချစ်ကို ညာစရာလား "
" ကျွန်တော်လည်း တက္ကသိုလ်မြန်မြန်တက်ရမှ နားအေးတော့မယ်ထင်တယ် အဲ့အချိန်ရောက်မှ ခင်ဗျားတို့အရမ်းသည်းသည်းလှုပ်ဖြစ်နေကြတဲ့ဒီဂင်ဂယူဘင်းကြီးက ကျွန်တော်ဟန်ယူဂျင်းအပိုင်ပါလို့ လိုက်ပြောပစ်ဦးမှာ "
နှုတ်ခမ်းတထော်ထော်နဲ့ပြောနေတဲ့ သူ့ကလေးကိုကြည့်ပြီး အသည်းယားလာတာကြောင့် ပါးလေးကို နှစ်လက်ဖက်နဲ့ အားရပါးရအုပ်ကိုင်ပစ်လိုက်သည်
" ဟားဟား အရင်ဆုံး အထက်တန်းအောင်ဖို့က အဓိကပဲဟုတ်ပြီလား ယူဂျင်းဂျယ်သာ အထက်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ဖို့ပဲလိုတာ အမှတ်ကောင်းမှ ကိုယ်တို့တက္ကသိုလ်ကို ဝင်နိုင်မှာပေါ့ ယူဂျင်းဂျယ်လေးရဲ့ "
" ဟွန့်.. ဟျောင်းကဘာလို့အမှတ်ကောင်းအောင်လုပ်ပြီး အဲ့တက္ကသိုလ်ကိုတက်ရတာလဲတကယ်ပါပဲ လောလောဆယ် အမှတ်ကောင်းကောင်းနဲ့အောင်ဖို့ စာသွားလုပ်တော့မယ် အချိန်ဖြုန်းလို့မရတော့ဘူး သွားတော့မယ် "
" အခုပြန်တော့မလို့လား ကိုယ်လိုက်ပို့ပေးမယ် ခဏလေးစောင့် "
" ရတယ်မပို့နဲ့တော့ သွားတော့မယ် "
" ဟယ် ယူဂျင်းနီလေးရောက်နေတာလား ဘာလဲအခုပြန်တော့မလို့လား သားလေး "