ဂယူဘင်းတစ်ယောက် သူ့ကလေးနဲ့ မတွေ့ရသေးတာ အခုဆိုနှစ်လပြည့်ပြီဖြစ်သည် ကလေးကလည်း တကယ်စိမ်းကားလွန်းသည် စာမှစာပဲကြိုးစားလုပ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် သူ့ကိုအတွေ့မခံ အရင်ကိစ္စနဲ့ပတ်သက်ပြီးတော့ မကျေမနပ်ဖြစ်နေတာလားဆိုတော့လည်းမဟုတ်ပြန် အရင်ကိစ္စနဲ့ပြသနာတတ်ပြီး သူ့မှာသုံးရက်လောက် ကလေးအနားကမခွာဘဲတောင်းပန်ခဲ့တာကြောင့် ကလေးငယ်ကစိတ်ဆိုးပြေခဲ့သည်
အခုကတော့ စိတ်ဆိုးစိတ်ကောက်တာမရှိပေမဲ့လည်း စာမေးပွဲနီးလာပြီဆိုတဲ့အချက်ကြောင့် ကလေးငယ်ကို မတွေ့ရ...
ဘာလိုလိုနဲ့စာမေးပွဲဖြေဖို့ရက်ပိုင်းလောက်ပဲလိုတော့သည်
သူလည်းကလေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် အနေအထိုင်ကိုတတ်နိုင်သမျှဆင်ခြင်နေရသည် တီလေးနဲ့မေမေကတော့ ထုံးစံအတိုင်း ကလေးဖို့တတ်နိုင်သမျှ နောက်ကနေဖြည့်ဆည်းပေးနေကြသည် ဟန်ဘင်းဟျောင်းကတော့ ညနေတိုင်း အိုလီနဲ့ယူဂျင်းကို စာလာပြပေးတတ်သည်
အခုလည်း ဟန်ဘင်းဟျောင်းဆီလာရင်း ကလေးငယ်မျက်နှာလေးကို အလွမ်းပြေကြည့်ရန် ထွက်လာခဲ့သည်" ဟန်ဘင်းဟျောင်း ကျွန်တော်လာတယ် "
" ဂယူဘင်းနီ လာခဲ့ ထိုင်ဦး "
" ဟျောင်း ယူဂျင်းဂျယ်ရော "
" သြော် အပေါ်ထပ်မှာ အိုလီနဲ့အတူစာကြည့်ခိုင်းထားတာ ဘာလို့လဲ တွေ့ချင်လို့လား ခေါ်ပေးရမလား "
" စာလုပ်နေတာဆိုလည်း မတွေ့တော့ပါဘူး မုန့်လေးတွေစားဖို့လာပို့ခိုင်းလိုက်လို့ "
" ယူဂျင်းဂျယ်ဖို့လား "
" ဟျောင်းဖို့ရော ထည့်ပေးလိုက်တယ် အိုလီရောစားရအောင်လို့ဆိုပြီးတော့ အများကြီးထည့်လာလိုက်တယ် "
" အေးအေး "
" ဒါဆိုကျွန်တော်ပြန်တော့မယ် စာမေးပွဲဖြေတဲ့နေ့မှတစ်ခါပြန်လာတော့မယ် "
" ဟုတ်ပြီ ဖြည်းဖြည်းနော် လိုက်မပို့တော့ဘူး "
" ရတယ် သွားပြီဟျောင်း "
..............................
ဘာလိုလိုနဲ့ ဒီနေ့က ယူဂျင်းတို့စာမေးပွဲနောက်ဆုံးနေ့ရောက်လာခဲ့ပြီဖြစ်သည် အဲ့တာကြောင့် သူလည်း ကျောင်းမသွားတော့ဘဲ ကလေးပြန်လာရင် စားဖို့သောက်ဖို့အတွက် အိမ်မှာပဲ အရင်ပြင်ဆင်နေလိုက်သည်
နာရီတစ်ကြည့်ကြည့်နဲ့စောင့်နေရင်း ခြံရှေ့က တံခါးဖွင့်သံကြားလိုက်တော့ ဂယူဘင်းပြေးထွက်ကြည့်မိသည်