ဘယ်လောက်ဖုန်းခေါ်ခေါ်မကိုင်တဲ့ယူဂျင်းကြောင့် ဂယူဘင်းတစ်ယောက် ခေါင်းတွေမူးချင်ချင်ဖြစ်နေသည် တစ်နေ့လုံးအတန်းချိန်တွေတက်နေရပေမဲ့လည်း စိတ်ကယူဂျင်းဆီပဲရောက်နေသည်
မတတ်နိုင်တော့တဲ့အဆုံး ယူဂျင်းအိမ်ဆီသွားဖို့ ဆုံးဖြတ်လိုက်သည်ယူဂျင်းအိမ်ရှေ့ရောက်တော့လည်း ယူဂျင်းနဲ့တွေ့ရင် ဘယ်လိုစကားစရမလဲ အဲ့အကြောင်းတွေ ဘယ်လိုမေးရမလဲ သေချာစဥ်းစားပြီးမှ အိမ်ထဲဝင်ခဲ့လိုက်သည်
" တီလေးရေ ကျွန်တော်လာတယ် "
" ဂယူဘင်းလား သားရယ်နေနိုင်လိုက်တာ တီလေးဆီကိုဘယ်တော့များလာမလဲမျှော်နေတာ "
" ကျွန်တော်လည်းလာမလို့ပဲ ကျွန်တော်လာရင်ကျ ယူဂျင်းနေရခက်မှာစိုးလို့ပါ "
" အင်း...ယူဂျင်းနေရခက်ဖို့မပြောနဲ့ အိမ်ကိုပေါ်မလာတာ ငါးရက်လောက်ရှိပြီ ဖုန်းဆက်လည်းမကိုင် ကျောင်းကသူငယ်ချင်းဆီဆက်တော့လည်း ကျောင်းမလာဘူးတဲ့ ယူဂျင်းအကြောင်း သားလည်းကြားမှာပါ ရဲစခန်းထိရောက်သွားတဲ့အကြောင်းတွေ "
" မေမေဒီမနက်ကပြောပြလို့ အကြမ်းဖျင်းတော့သိထားတယ် အဲ့တာကြောင့် ကျွန်တော်လည်းဖုန်းဆက်ကြည့်ပေမဲ့ ကျွန်တော့်ဖုန်းလည်းမကိုင်ဘူး "
" သားရယ် ယူဂျင်းလေးကိုဘယ်လိုလုပ်ကြမလဲ တီလေးလည်းဘာမှမလုပ်တတ်တော့ဘူး သူ့အဖေကလည်း နောက်လကုန်လောက်ဆို ပြန်လာတော့မှာ သားလည်းသိတယ်မလားသူ့အဖေအကြောင်းကို "
" သိပါတယ် မစိုးရိမ်ပါနဲ့ဗျာ ကျွန်တော်စုံစမ်းကြည့်ပြီး ထိန်းပေးပါ့မယ် "
" သားရယ် ကူညီပေးပါဦးနော် "
" ဟုတ် အဲ့တာဆိုကျွန်တော်ပြန်လိုက်ဦးမယ် တီလေးရေ အကြောင်းထူးရင် ဖုန်းဆက်လိုက်မယ် "
ဂယူဘင်း ကားပေါ်တက်မယ်လုပ်တုန်း ခြံထဲအထုပ်အပိုးတွေသယ်ပြီး ဝင်လာတဲ့မေမေ့ကိုတွေ့တာမလို့ ပြေးသယ်ကူလိုက်သည်
" မေမေ ဒီကိုဘယ်လိုလုပ် "
" သားလေး ဒီရောက်နေတာလား မေမေက ကျောင်းမှာထင်နေတာ "