" ဂယူဘင်းဟျောင်း ဒီကိုဘယ်လိုလုပ် "
ဂယူဘင်းတစ်ယောက် အံ့သြရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ စာမေးပွဲရှိလို့စာလုပ်ရမယ်ပြောတဲ့လူက အခုတော့ အခြားလူတစ်ယောက်ရဲ့လက်ကိုဆွဲပြီးဘားရောက်နေသတဲ့ ရယ်ပဲရယ်မိတော့သည်
မျက်နှာအမူအယာတစ်ချက်တောင်မပျက်သွားတဲ့သူ့ရဲ့ချစ်လှစွာသော ကလေးကတော့ သူ့ဘေးကလူကြီးကိုဘာပြောလိုက်မှန်းတော့မသိပေမဲ့ ဘေးကဘဲကြီးကတော့ မလှမ်းမကမ်းနားက ကားနားသွားရပ်နေလေသည်
ယူဂျင်းကတော့ ခပ်တည်တည်နဲ့ သူ့ဆီလျှောက်လာရင်း" ဟျောင်း ကျွန်တော်ရှင်းပြမယ် နားထောင်ဦး "
" ဘာကိုရှင်းပြဦးမှာလဲ မင်းဘာတွေထပ်ညာဦးမလို့လဲ ဟန်ယူဂျင်းရယ် "
" မညာပါဘူး ဟျောင်းမြင်နေပြီဆိုမှတော့ ကျွန်တော့အမှန်အတိုင်းပဲပြောလိုက်တော့မယ် ကျွန်တော် သူနဲ့တွဲနေပြီ "
" ဟားဟား မင်းကွာ ဆိုးလိုက်တာ.......
ကြာပြီလား တွဲနေတာ "" ဟင့်အင်း မနေ့ကမှစတွဲတာ "
" ငါရှိနေရက်နဲ့ကို မင်းမို့လုပ်ရက်တယ် ယူဂျင်းရာ "
" ကျွန်တော်လည်း အစကဒီနေ့ဟျောင်းနဲ့တွေ့ရင်
ဟျောင်းကိုလမ်းခွဲပြီးမှ သူနဲ့တွဲမလို့ပါပဲ ဒါပေမဲ့ သူ့ဘက်ကဖွင့်ပြောတာကြာနေပြီမလို့ "" သူ့ဘက်ကဖွင့်ပြောပြောမပြောပြော မင်းမှာရည်းစားဖြစ်တဲ့ငါတစ်ယောက်လုံးရှိတယ်လေ ပြီးတော့သူကလည်းဖွင့်ပြောစရာလား မင်းမှာရည်းစားရှိမှန်းသူမသိဘူးလား "
" သူသိတယ် ဒါပေမဲ့ ဟျောင်းနဲ့ကျွန်တော်နဲ့က ရည်းစားထားနေတာနဲ့ရောတူနေလို့လား ဟျောင်းနဲ့ကျွန်တော်နဲ့က အများအမြင်မှာ ညီအစ်ကိုလိုပဲဖြစ်နေတယ်လေ ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်း ဟျောင်းကိုအကိုတစ်ယောက်လိုပဲမြင်တော့တယ် ရင်မခုန်တော့ဘူး "
" ယူဂျင်းရာ ကိုယ်က ယူဂျင်းကိုအရမ်းချစ်တာသိရဲ့သားနဲ့ကွာ "
" သိတယ် ဒါပေမဲ့ ဟျောင်းမှာကဦးစားပေးတွေများလွန်းတယ် နံပတ်တစ်တွေများလွန်းနေတယ် ကျွန်တော့်အပြင်တစ်ခြားရွေးချယ်စရာတွေ များလွန်းနေတယ်
ဒါပေမဲ့သူကတော့မတူဘူး ကျွန်တော့်ကိုအမြဲတမ်းနံပတ်တစ်အဖြစ်ရွေးချယ်ခဲ့တယ် ဘယ်အရာနဲ့ပဲယှဥ်လာလာပေါ့ "
![](https://img.wattpad.com/cover/337958979-288-k524830.jpg)