ယူဂျင်းတစ်ယောက် ဂယူဘင်းပြန်သွားကတည်းက ဆေးရုံထဲပြန်မဝင်ဖြစ်ပဲ အပြင်ဘက်က ထိုင်ခုံမှာတစ်ယောက်ထဲထိုင်နေမိတာ တော်တော်ကြာနေပြီဖြစ်သည်
အတွေးပေါင်းစုံကြောင့် ခေါင်းတွေလည်းကိုက်လာတာမလို့ ဆေးလိပ်သောက်မယ်လုပ်ပေမဲ့လည်း မီးခြစ်မပါလာတာကြောင့် စိတ်တိုတိုနဲ့ ဆံပင်တွေကိုဖွပစ်မိသည်
ရုတ်တရပ် ပွနေတဲ့သူ့ဆံပင်တွေကိုလာပွတ်သပ်ပေးတဲ့လက်တစ်စုံကြောင့် ယူဂျင်းစိတ်ညစ်ညစ်နဲ့
မော့ကြည့်လိုက်တော့ သူ့ရဲ့ကောင်လေးဖြစ်နေတာမလို့ အံ့သြပြီး မတ်တပ်ထရပ်မိသည်" ကိုကို.. ခွဲခန်းထဲမှာမဟုတ်ဘူးလား သက်သာရဲ့လား "
" ဟေ့ အချိန်ကိုလည်းကြည့်ဦးလေ ဘယ်အချိန်ရှိနေပြီလဲ ကိုယ်ကခွဲတောင်မစိတ်လိုက်ရဘူး ရှေ့နဖူးလေးပဲကွဲသွားလို့ လေးချက်လောက်ချုပ်လိုက်ရတာ ကျန်တာဘာမှမဖြစ်သွားဘူး "
" ကိုကို့ကိုတောင်းပန်ပါတယ် ကျွန်တော်ကြောင့်နဲ့ အခုလိုဖြစ်ရတာ "
" မဟုတ်တာ
ကိုယ့်အမှားပါ ရှေ့ကမီးပွိုင့်ကိုသေချာမကြည့်ဘဲ မောင်းမိလို့ဖြစ်ရတာ "" ဘာပဲဖြစ်ဖြစ် ကိုကိုသက်သာသွားအောင်လုပ်ဦး ကျွန်တော့်အမှားလည်းမကင်းတာမလို့ ကျွန်တော်ဘာလုပ်ပေးရမလဲ ကျွန်တော်တစ်ခုခုလုပ်ပေးရမှစိတ်သက်သာမှာ "
" ဟာ ကိုယ်ကဘာမှတောင်မဖြစ်သွားဘူးလေ ဘာမှလုပ်ပေးစရာမလိုပါဘူး ယူဂျင်းရဲ့ "
" ကိုကိုကအမြဲအဲ့လိုပဲ ကျွန်တော်လည်းအားနာလွန်းလို့သေတော့မယ် ကျွန်တော့်အပေါ်အဲ့လိုတွေအမြဲကောင်းပြနေလို့ ကျွန်တော်လည်း ဘာလုပ်ရမယ်မှန်းမသိတော့ဘူး ကိုကိုသာ နည်းနည်းလောက် ကျွန်တော့်အပေါ်မကောင်းခဲ့ဘူးဆိုရင်တောင် ကျွန်တော်စိတ်ဆင်းရဲရမှာမဟုတ်ဘူး ကိုကိုအခုလိုအမြဲကောင်းပြနေလို့ ကျွန်တော်က ဘာဖြစ်သွားပြီလဲဗျာ အခုလည်းဘာလုပ်ပေးရမလဲဆိုတော့လည်း ဘာမှမလုပ်ပေးနဲ့တဲ့ ကိုကိုရာ..... "
ယူဂျင်းလည်း စိတ်ထဲရှိနေတာတွေအကုန်မသိုဝှက်ဘဲပြောပစ်လိုက်မိသည်