Unicode
ဂယူဘင်းလည်း ကားမမောင်းခင် စိတ်အေးအေးထားပြီးယူဂျင်းဆီဖုန်းခေါ်လိုက်တော့ ချက်ချင်းဖုန်းကိုင်လာသည်
" ဟယ်လို ဟျောင်း "
" ကိုယ့်ကိုညာသွားတာလား ဘာလေ့လာရေးခရီးလဲ ဟင် ပြောစမ်း အခုဘယ်တွေသွားနေတာလဲ "
တီ....တီ......
စကားပြောလို့မဆုံးခင် ဖုန်းချသွားတဲ့ယူဂျင်းကြောင့် နောက်တစ်ခါဖုန်းထပ်ခေါ်ပေမဲ့လည်း ဖုန်းမဝင်တော့ပေ စက်ပါပိတ်လိုက်ပုံရသည်
ဂယူဘင်းလည်း ကားပေါ်မြန်မြန်တတ်ကာ ယူဂျင်းတို့အိမ်ဆီဦးတည်လိုက်သည် အိမ်ရောက်တော့လည်း ခြံတံခါးခပ်မြန်မြန်ဖွင့်ကာ အိမ်ထဲအမြန်ဝင်၍ ယူဂျင်းနီအမေဖြစ်သူကိုအော်ခေါ်မိသည်
" တီလေး..တီလေး.. "
သူ့အော်သံကနည်းနည်းမာနေသလိုဖြစ်နေတာကြောင့်ထင်သည်
မီးဖိုချောင်ထဲကနေ ထွက်လာတဲ့တီလေးက ထိတ်လန့်နေဟန်" သား.. ဘာဖြစ်လာတာတုန်း "
" ယူဂျင်း သူဘယ်သွားမယ်လို့တီလေးကိုပြောခဲ့လဲ "
" လေ့လာရေးခရီးလေ ဒီမြို့ပြင်ကပင်လယ်တဲ့ "
" အဲ့တာပဲကြည့်တော့ သူကတီလေးကိုတောင် ညာသွားတာပဲ ဘာလေ့လာရေးခရီးမှမရှိဘူး အိုလီကိုလည်းမေးပြီးပြီ ဟောက်ဟျောင်းကိုလည်းမေးပြီးပြီ တီလေးရဲ့သားက လေ့လာခရီးပြောပြီး ညာပြီးဘယ်သွားလဲမသိဘူးဗျာ "
" ခဏလေး ခဏလေး သား စိတ်အေးအေးထား လောလောဆယ် သူ့ကိုဖုန်းအရင်ဆက်ကြည့်ပါလား "
" ဖုန်းစက်ပိတ်ထားတယ် ကျွန်တော်နဲ့ပြောရင်းနဲ့ကို စက်ပိတ်လိုက်တာ "
" ဟုတ်လား ခဏလေး တီလေးအရင်ခေါ်ကြည့်မယ် "
သူ့ကိုသာစိတ်အေးအေးထားဖို့ပြောနေပေမဲ့လည်း တီလေးကိုယ်တိုင်လည်း ချွေးတွေထွက်လို့တော်တော်လေး စိုးရိမ်နေပုံရသည်
" ဟယ်လို သားလေး "
သူ့ဖုန်းကိုတော့ မကိုင်ဘဲ အမေဖြစ်သူဖုန်းကိုကျတော့ကိုင်တဲ့ တကယ်အမေချစ်လေး
သူလည်း တီလေးကို စပီကာဖွင့်ရန် အချက်ပြလိုက်သည်