Final

107 11 2
                                    

Unicode

ဂယူဘင်းတစ်ယောက် ညကလည်းအိပ်မပျော် ယူဂျင်းကဘာများပြောချင်တာလည်းတွေးရင်း မနက်မိုးလင်းခဲ့ရသည်
အိပ်မရမဲ့အတူတူ ဆက်မအိပ်တော့ဘဲ မနက်စာစားသောက်ပြီး ယူဂျင်းအိမ်ဘက်ထွက်လာခဲ့လိုက်သည်
ယူဂျင်းက ဘာပြောချင်လဲမသိပေမဲ့ အနည်းငယ်တော့မျော်လင့်မိတယ်ဟုဆိုရမလားမသိ..ယူဂျင်းသာ သူ့ဆီပြန်လာပေးရင်ကောင်းမှာပဲဟုတွေးမိတာလည်း ခဏခဏပင် အဲ့လိုသူများရည်းစားကိုမပစ်မှားသင့်ပေမဲ့လည်း ယူဂျင်းပြန်လာခဲ့ရင် တကယ်အရင်ကထက် ဆယ်ဆ မဟုတ်ဘူး အဆတစ်ရာ အဆတစ်ထောင်လောက်အထိ ကောင်းပေးဖို့ စဥ်းစားမိသည်

ဂယူဘင်းလည်းအတွေးပေါင်းစုံတွေးရင်းနဲ့ ယူဂျင်းအိမ်ရောက်လာပေမဲ့ ယူဂျင်းအခုထိမနိုးသေးပေ.. ဂယူဘင်းလည်း အိပ်နေတဲ့ယူဂျင်း ကုတင်နားသွားထိုင်ရင်း ယူဂျင်းမျက်နှာနုနုလေးကိုကြည့်မိသည်
ဘာတွေများလုပ်နေလို့ အရင်ကပါးဖောင်းဖောင်းလေးတွေမရှိတော့တာလဲစဥ်းစားလို့မရ.. ဂယူဘင်းလည်းအိပ်နေတဲ့ယူဂျင်းကိုကြည့်နေရင်း အားမရတာကြောင့် ပါးလေးကို နမ်းလိုက်မိတော့ မျက်လုံးလေးတွေဖွင့်လာတဲ့ယူဂျင်းကြောင့် သူလည်း အလန့်တကြား မတ်တပ်ရပ်လိုက်မိသည်

" ဟို...ဆောရီးပါ ယူဂျင်းနီ ကိုယ်က တမင်နမ်းတာမဟုတ်... ဟို ကိုယ်က..  "

ဂယူဘင်းလည်း ထစ်ထစ်အအဖြင့် တောင်းပန်မိသည်

" ဟျောင်း... ကျွန်တော့်ကိုသေချာကြည့်ပါဦး ကျွန်တော်စိတ်မဆိုးဘူး...  "

တုန်လှုပ်နေတဲ့သူ့ပါးလေးကို လာကိုင်တဲ့ယူဂျင်းကြောင့် ခဏတော့ကြောင်သွားသည်

" ကိုယ်မကောင်းတာပါ ယူဂျင်းနီရယ် ကိုယ်လေ အခုလိုမပြောသင့်မှန်းသိပေမဲ့ ကိုယ်ယူဂျင်းနီကို မေ့လို့မရဘူး မဟုတ်ဘူး...တစ်စက္ကန့်လေးတောင် မေ့လို့မရခဲ့တာ ကိုယ့်ဆီပြန်လာပေးပါလား ကိုယ်တကယ်ကောင်းပေးပါ့မယ် ကိုယ်တောင်းပန်ပါတယ် ယူဂျင်းနီရယ် "

ဂယူဘင်းလည်း လူ့ကျင့်ဝတ်တွေဘာတွေတွေးမနေတော့ဘဲ ယူဂျင်းနီကို အမှန်အတိုင်းဝန်ခံမိသည် ဒီပုံစံအတိုင်းသာဆက်သွားနေရင် သူလည်းရူးတော့မှာသေချာနေတာကြောင့် မထူးတော့မဲ့အတူတူဝန်ခံပစ်လိုက်သည်

SHinE Where stories live. Discover now