01

731 31 0
                                    

" မေမေ ကလည်း ငယ်လေး အဝေးသင်ပဲ တက်လို့မရဘူးလား "

" သမီးရယ် Day ပဲတက်ပါ၊ ကျောင်းသားဘဝရဲ့ပျော်ရွှင်မှုကို လေးနှစ်လောက်ကောင်းကောင်းကုန်ဆုံးပါ၊ နောက်များ အလုပ်ထဲ ဝင်ရင် ကျောင်းသားဘဝဆိုတာ ပြန်ပြောစရာအမှတ်တရတွေပဲ "

ယမင်းငယ် Day မတက်ချင်ကြောင်းကို ပြောနေခဲ့ရသည်မှာဆယ်တန်းအောင်စာရင်းထွက် ကတည်းပင်။ မေမေ က ခုထိ လက်မခံပေ။ နောက်ဆုံးမှာ မေမေ့ ဆန္ဒအတိုင်း Day တက်ဖို့‌ဖြစ်လာသည်။

ယမင်းငယ်
ဆယ်ကျော်သက်အရွယ်ခပ်ငယ်ငယ်ကောင်မလေး တစ်ယောက်။ ချစ်ရတဲ့မိဘတွေ နဲ့အတူ နောင်ချိုမြို့လေးမှာမွေးဖွါးပြီး နောင်ချိုမြို့လေးမှာပဲကြီးပျင်းခဲ့သူတစ်ဦး။ တစ်ဦးတည်းသော သမီးလေးမို့ မိဘတွေက သိပ်ချစ်ပြီး အလိုလိုက်သော်လည်း ဆိုးသွမ်းသူတော့မဟုတ်ခဲ့။ ဆယ်တန်းဖြေပြီးချိန်မှာတော့ ‌ရှိုင်းသန့်ဦး ဆိုတဲ့ တစ်တန်းထဲတက်ခဲ့သော သူငယ်ချင်းကို ချစ်ဦးသူအဖြစ် သက်မှတ်ထားခဲ့သည်။ မိဘများက ထိုကိစ္စကို သိသော်လည်း ဘာမှတော့ ဝင်မစွပ်ဖက်ခဲ့။ မိဘနှစ်ပါးနှင့် အတူ ယခုတော့ ချစ်ရသူ ရှိုင်းသန့့်ဦး နှင့် ဘဝ ကို အေးအေးဆေးဆေးလေး ဖြတ်သန်း‌နေသည်။

" ဟဲလို ကို "

" အသဲရေ ကို တို့ဒီနေ့ တွေ့ရအောင်ကွာ ကို လွမ်းနေတာ အသဲကို "

" ညနေကျရင် ဆုံနေကြ ဆိုင်ကို လာခဲ့မယ်လေကို
အသဲလည်း ကို့ ကို ပြောစရာရှိတယ် "

" အွန် ဒါဆို ကို ဖုန်းချလိုက်တော့မယ်နော် ချစ်တယ်အသဲကို "

" အသဲကလဲ ချစ်ပါတယ်နော် "

" ဟုတ်လို့လား .... ဒါဆို ကို့ ကို အာဘွားပေးပါဦးဗျာ "

" ဘာမှလည်းမဆိုင် လူလည်ကြီး "

" လုပ်ပါ "

"ချစ်တယ် အာဘွား "

" ကို လည်းအသဲကို သိပ်ချစ် အာဘွား "

ယမင်းငယ် ကျသွားသောဖုန်းကို ‌ကြည့်လျက်ပြုံးမိသည်။ ထိုနောက်မှာတော့ .. အိမ်အောက်သို့ဆင်းရမည်ဟု တွေးကာ အိမ်အောက်သို့ဆင်းလာလိုက်သည်။

The One That Got Away Where stories live. Discover now