" ငယ်ငယ် ငါနင့်ကို သဘောကျတယ် "
" ငါ....
" နင်ဘာမှမပြောနဲ့ဦး ငယ်ငယ် ငါပြောတာအရင်နားထောင်ပေး ငါလေ ပထမနှစ် နင့်ကိုစတွေ့ပါပြီဆိုကတည်းက နင့်ကို သဘောကျခဲ့တာ ငါ့ကိုပြန်ချစ်ပါပြန်သဘောကျပါလို့မပြောပေမယ့် ငါချစ်နေတာ သဘောကျနေတာကိုတော့ နင်သိထားပေးဖို့အသိပေးရုံပါ။ ငါ့အချစ်ကြောင့် နင့်ကို အနှောက်ယှက်မဖြစ်စေချင်ဘူ ငယ်ငယ် ရပြီ နင်ပြောတော့ "
" ငါ နင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားချင်တယ် ကောင်းခန့် "
" ငါသိပါတယ် နင့်ဒီလိုဖြေမယ်ဆိုတာကို ဒါပေမယ့် ဖွင့်ပြောလိုက်ရမှ ငါနေသာထိုင်သာရှိမယ်လို့ခံစားရလို့ ဖွင့်ပြောတာပါ... ငါ့အချစ်ကြောင့် နင်အနှောက်ယှက်မဖြစ်ရင်ကောင်းမယ် ငယ်ငယ် "
" ကျေးဇူးပဲ ငါ့ကိုနားလည်ပေးလို့ "
" ဒါပေမယ့်လေ ငါ့ကိုမချစ်နိုင်တဲ့ အကြောင်းပြချက်ကို ပြောပြပေးလို့ရမလား "
ငယ်ငယ်တို့ ငါးေယာက် ကန်တင်းထိုင်နေကြတုန်း ကောင်းခန့်က နှစ်ယောက်ထဲပြောစရာရှိသည်ဟုဆိုကာ ကန်တင်းနှင့်မနီးမဝေရှိသစ်ပင်ရိပ်အောက်ကိုခေါ်လာပြီး ယမင်းငယ် ကိုသူသဘောကျကြောင်းဖွင့်ပြောနေခြင်းဖြစ်သည်။ယမင်ငယ် သူ့ထက် ခေါင်းတစ်လုံးစာလောက်ပိုရှည်သော ကောင်းခန့်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်ကန်တင်းတွင်ထိုင်နေသော ချယ့်ဆီ အကြည့်တစ်ချက်ပို့လိုက်ရင်း......
" ငါ ချစ်ရတဲ့သူရှိနေပြီထင်တယ် ကောင်းခန့် ..."
ကောင်းခန့်က ဆိုင်အတွင်းရှိ ငယ်ငယ်ကြည့်နေသော ချယ်တို့စာပွဲဝိုင်းကို လိုက်ကြည့်ရင်း....
" နင်ချစ်ရတဲ့သူဆိုတာက ချယ်လို့တော့ မပြောနဲ့နော် "
ယမင်းငယ် ချယ့် ဆီကနေ ကောင်းခန့်ဆီကိုအကြည့်ချက်ချင်းပို့လိုက်တော့..ကောင်းခန့် က
" တကယ်ကြီးလား "
" အွန် ငါလည်း အဲ့ခံစားချက်ကို သိသိခြင်းတုန်းက ငါ့ကိုယ်ငါလန့်သွားတယ် "

YOU ARE READING
The One That Got Away
Kısa Hikayeထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။