မှုံမျက်ချယ် နဲ့ ယမင်းငယ် တို့ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ဆက်လက်တည်ရှိဆဲဖြစ်သည်။ တစ်ယောက်ပေါ်တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွယ်တာမှုတွေ သည် ပြောင်းလဲ ခြင်းမရှိဘဲ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ပြောင်းလဲသွားသည့်အရာမှာ ချယ့် တွင် ချစ်သူကောင်လေးရှိလာခြင်းပင်ဖြစ်သည်။
အရင် ငါးယောက် ဝိုင်းထိုင်နေကျ ကန်တင်းရဲ့စာပွဲဝိုင်း တွင် လူခြောက်ယောက်ဖြစ်လာသည်။ တိုးလာသောတစ်ယောက်မှာ ချယ့် ကောင်လေး ဘုန်းခန့်ပိုင် ဖြစ်သည်။
ဒီနေ့လည်း ငယ်ငယ် တို့လေးယောက်ထိုင်နေတုန်း ချယ်နဲ့ သူ့ကောင်လေးရောက်လာသည်။
" နင်တို့ က ငါတို့ကိုတောင်မစောင့်ပဲ စားသောက်နေကြပြီပေါ့ "
ချယ်က ငယ်ငယ်ရဲ့စားလက်စ ရှမ်းခေါက်ဆွဲကို သူ့ဘက်ဆွဲယူကာ ပါးစပ်ထဲ တစ်လုပ်ထည့်ရင်းပြောသည်။
" ဟဲ့ ငါတို့က အတွဲရှိတဲ့ သူတွေကို စောင့်စရာလား "
ဟန်နီက ခပ်စွာစွာ ဝင်ပြောတော့ ချယ် က ဘာမှမပြောဘဲ မျက်စောင်းလှမ်းထိုးသည်။
ကိုယ်ချစ်တဲ့ သူကို တစ်ခြား သူချစ်တဲ့သူနဲ့ တွဲမြင်နေရတာ ငယ်ငယ့်အတွက် အဆင်မပြေလှ။ ငယ်ငယ် ဘာမှ ဝင်မပြောဖြစ်။" မောင် ဘာစားမလဲ "
" ကြေးအိုးခေါက်ဆွဲပဲစားမယ်လေ မ ကာ ဘာစားမလဲ "
" မောင်နဲ့ တူတူပဲ မောင်စားတာပဲ လိုက်စားမယ်လေ "
" ဒါဆို မောင်တို့ ပွဲကြီးမှာပြီး နှစ်ယောက်တစ်ပွဲစားကြမလား "
" ဟုတ်ပြီလေ မောင်နဲ့တူတူစားမယ်လေ "
ချယ်တို့ အတွဲကို ကြည့်ရင် သွယ် က....
" ငါတို့ဖာသာငါတို့ အေးဆေးဆေးလေး နေတာကို ခွေးစာလာစားနေရတယ် "
" အံမယ် မကျေနပ်ရင် ဘဲ ရှာလိုက်လေ၊ သူများအတွဲကို လာဂျေ ဝင်နေတယ် "
" ဂျေဝင်တာမဟုတ်ဘူး အမြင်ကပ်လာလို့ ဟေ့ "
ဟန်နီက မနေနိုင်စွာ ဝင်ပြောတော့
YOU ARE READING
The One That Got Away
Short Storyထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။