အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလို့နေသည်။
ငယ်ငယ်တို့ပင် ကျောင်းပြီးသွားကြပြီ။ အချိန်တွေ ပြောင်းလဲနေသလို တချို့အရာတွေလဲ ပြောင်းလဲလာသည်။ငယ်ငယ် သည် ချယ့် ကို အရင်ထက်ပင် တစ်ဆနှင့်တစ်ဆ တိုးကာ ပို၍ ချစ်လာခြင်းပင်။ထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် နာကျင်ရတဲ့အခါ ဘယ်သူ့ကိုမှ အပြစ်တင်ခွင့်မရှိဘဲ ကိုယ့်ကိုကိုယ်သာ အပြစ်ဆိုသင့်သည့်မဟုတ်ပါလား။
ချယ် သည်လည်း နောက်ဆုံးနှစ်တွင် ဘုန်းခန့်ပိုင် နှင် ပြတ်သွားသည်။ ဘုန်းခန့်ပိုင် က နိုင်ငံခြားတွင် ကျောင်းဆက်တက်ဖို့ ရွေးချယ်သွားခြင်းကြောင့် သူတို့ နှစ်ယောက် ပြတ်သွားခြင်းဖြစ်သည်။ ချယ် ကတော့ အရင် ကျောင်းတက်တုန်းက လသာဆောင်တွင် တိုင်ပင်ခဲ့ကြသည့်အတိုင်း ငယ်ငယ်နှင့် မန္တလေးမှာ ဆက်နေကာ အလုပ်လုပ်ဖြစ်ကြသည်။ ငယ်ငယ် မန္တလေးတွင် နေရဖို့ အိမ်ကို တော်တော်လေးပြောယူခဲ့ရသည်။ ငယ့်မေမေ သည် ငိုယို၍သာနေသည်။ သမီးလေးတစ်ယောက်ပဲ ရှိသည်မဟုတ်လား။ ငယ့်ဖေဖေကတော့ သမီးတိုးတက်ဖို့အရေးကြီးသည်ဟုဆိုကာ ခွင့်ပြုခဲ့သည်။ မန္တလေးတွင်နေဖို့ တိုက်ခန်း ဝယ်ပေးမည်ဟု ဖေဖေ ကဆိုသော်လည်း ငယ်ငယ် ငြင်းဖြစ်သည်။ နောက်ဆုံးမှာ ဖေဖေ ကပဲ လက်လျှော့ကာ ကား တစ်စီးဝယ်ပေးခဲ့သည်။ မန္တလေးတွင် ဆိုင်ကယ်ရှိလျှင်အဆင်ပြေပြီး ကားမဟုတ်ဘဲ ဆိုင်ကယ်ပဲ ဝယ်ပေးပါဟုဆိုတော့ ဖေဖေ က မန္တလေး နေက ဒီလောက်ပူတာ ဆိုင်ကယ်နဲ့ဆို ဖေဖေ သမီး ပင်ပန်းမှာပေါ့ ဟု ခေါင်းကို ခပ်ဖွဖွ ပုတ်ရင်းဆိုသည်။ ခွင့်ပြုပေးလိုက်ရသော်လည်း ဖေဖေ့ မျက်ဝန်းတွေမှာ စိတ်မချခြင်းတွေ ကို တွေ့ရသည်။ ငယ်ငယ် မမြင်ချင်ယောင်ဆောင်ခဲ့သည်။
_______" ဟဲလို "
" ငယ်ငယ် ညနေကျရင် အိမ်မှာ အကင်လုပ်စားကြမယ်၊ သွယ်တို့ ကို လှမ်းပြောထားပြီးပြီ အလုပ်က အပြန်ဈေးဝင်ခဲ့ "
" အွန် ....ဘာတွေ ဝယ်ခဲ့ရမှာလဲ ချယ်ကော ဘာစားချင်သေးလဲ "
" သုံးထပ်သား၊ ဇလပ်ရွက်၊ နောက်ပြီး ကြည့်ဝယ်ခဲ့ဟာ မသိတော့ဘူး "
" အွန် ဟုတ်ပြီ "
______ငယ်ငယ်တို့ တိုက်ခန်းမှာပဲ သူငယ်ချင်း ငါးယောက်ဆုံဖြစ်ကြသည်။ လုပ်ငန်းခွင်ထဲ ကိုယ်စီဝင်ကြသော်လည်း ပိတ်ရက် တိုင်းဆုံဖြစ်ကြသည်မဟုတ်လား။ စနေ ညတိုင်းဆုံးဖြစ်ပြီး ငယ်ငယ်တို့တိုက်ခန်းမှာပင် မိန်းကလေး လေးယောက်က အခန်းထဲ ဝင်အိပ်ပြီး ကောင်းခန့်ကတော့ ဧည့်ခန်းတွင် အိပ်လေ့ရှိသည်။
သောက်နေသောအရက်အရှိန်ကြောင့် စကားဝိုင်းလေးသည် အသံမြိုင်မြိုင်ဖြင့် ရှိသည်။
ရုတ်တရက် ချယ် က ထငိုသည်။

YOU ARE READING
The One That Got Away
Short Storyထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။