" မေမေ .... ငယ်လေး ကလွမ်းနေတာ မေမေ့ကို "
" အပိုတွေပါတော် ဒီအမေကို ဖုန်းလေးတောင်မဆက်ပဲ "
" မေမေကလည်း..... "
ကားပေါ်ကဆင်းဆင်းခြင်း မေမေ့ကို ပြေးဖက်မိသည်။ ကျောင်းပိတ်ရက်အိမ်ပြန်ချိန်ကို မျှော်နေခဲ့သည့်အတွက် တကယ်လည်းရောက်လာရော ငယ်ငယ် ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း ကိုတစ်ချိန်ထဲမှာခံစားရသည်။ လွမ်းနေသော အိမ်ကိုပြန်ရမည်ဖြစ်သဖြင့် ပျော်ရသလို ချယ် နှင့် နှစ်လလောက်ခွဲခွါရမည့်အတွက်ကျ ဝမ်းနည်းပြန်သည်။ ချယ့်ပေါ်ထားသော ငယ်ငယ်ရဲ့ သံယောဇဉ်သည် တစ်ဖြည်းဖြည်း ခိုင်မာလာသည်။ အိမ်ထဲဝင်ကာ ပစ္စည်းများထားပြီးတော့ ချယ် ဆီဖုန်းခေါ်လိုက်သည်။
" ဟဲလို "
" ချယ် ငါပြန်ရောက်ပြီ နင်ကော "
" ငါလည်း ပြန်ရောက်ပြီ "
" အွန် "
အပြင်တွင်စကားများသလောက် ဖုန်းထဲတွင်တော့ နှစ်ယောက်သား တိတ်ဆိတ်လို့နေသည်။
" ဒါပဲနော် ..... နားတော့လေ "
" ဟုတ်ပြီ တာတာ့ ချယ် "
" အွန် "
ဖုန်းချလိုက်ပြီး ငယ်ငယ် ငိုင်သွားသည်။
ချယ့် အသံကြားတော့ ချယ့်ကို ပိုသတိရလာသည်။ သို့သော်လည်း ဖုန်းခေါ်လိုက်လျှင်လည်း ပြောရမည့်အကြောင်းအရာက မရှိနေ။ ခက်သည်မဟုတ်လား။ ဖုန်းခေါ်ပြီး ဒီတိုင်းပဲ ချယ့် အသက်ရှူသံလေးကို နားထောင်နေလို့ကောမရဘူးလား။ ထိုသို့တွေးလိုက်ပြီး မကြာခင်ပဲ ငယ်ငယ် ကိုယ့်ဘာသာရေရွတ်မိသည်။ ပေါက်ပေါက်ရှာရှာ ငယ်ငယ်ရာ ဘာတွေလျှောက်တွေးနေတာလဲ။
________" ဖေ့သမီးက .... ရည်းစားအသစ်တွေရှိနေပြီလား "
ညနေထမင်းဝိုင်းတွင် ငိုင်တိုင်တိုင်ဖြစ်နေသော ငယ်ငယ့်ကို ဖေဖေ က ထိုသို့စနောက်ကာပြောသည်။
" မဟုတ်ပါဘူး ဖေဖေကလည်း ရည်းစားထပ်မထားချင်တော့ဘူး ပူလောင်တယ် "
" ဟုတ်တယ် ဖေ့ သမီးလေး အဲ့ပူလောင်တဲ့ အချစ်တွေကို ထပ်မရှာနဲ့တော့ ဖေဖေ က အများကြီး ချစ်ပေးမှာမလို့ "

YOU ARE READING
The One That Got Away
Nouvellesထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။