ယမင်းငယ် အဆောင်ရောက်သည်မှာ တပတ်လောက်ကြာခဲ့ပြီ။။ အဆောင် ရောက်
ကတည်း က ဒီလသာဆောင်မှာပဲ အမြဲလာထိုင်ဖြစ်သည်။ ခပ်ကွေးကွေးလကလေးကို ငေးကြည့်ရင်း အတွေးတွေက ကို့ ဆီ ကိုသာရောက်နေခဲ့သည်။ ဘာလို့ကိုယ့်အချစ်ကို
နားမလည်နိုင်ရတာလဲ ဆိုပြီး အပြစ်တင်ပြောချင်ပေမယ့် ရှိုင်းသန့်ဦး ဟာ ယမင်းငယ်ခေါ်ဆိုသော ဖုန်းကို မကိုင်တော့ချေ။ အချိန်အတော်ကြာအောင်ဆက်သွယ်ခဲ့ပေမယ့် ယမင်းငယ် ဖုန်းလေးဟာ ရှိုင်းသန့်ဦး ဖုန်းထဲတွင်တော့ Blacklist ထဲတွင် အခန့်သား။
ရှိသမျှ ဆက်သွယ်လို့ရသမျှနေရာကနေ ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့်လဲအချည်းနှီးသာ။ လွမ်းသည်။ ကို့ ကို လွမ်းသည်။ အချိန်တန်ရင် ပြန် အဆင်ပြေမှာပါဆိုပြီး မျှော်လင့်ေနပေမယ့် ဒါဟာမဖြစ်နိုင်မှန်း ယမင်းငယ် သေချာသိနေသည်။ အတွေးတွေ ဟာ ရှုတ်ထွေးနေသည်။ ပတ်ဝန်းကျင်ကို
ယမင်ငယ် သတိမထားမိ။ ဒူးနှစ်ဖက်ကို ခပ်ဖွဖွ ဖက်ထားရင်း မျက်ရည်ဟာအတားဆီးမဲ့စွာကျနေခဲ့သည်။ ဆယ်ကျော်သက် တစ်ယောက်ရဲ့ အသဲကွဲရာသီပေါ့။ယမင်းငယ် ဆက်ခနဲ့တုန်ကာလန့်သွားသည်။အကြောင်းကာ " သူငယ်ချင်း ထိုင်လို့ရလား " ဆိုသော အသံကြောင့်။ယမင်းငယ်မော့ကြည့်လိုက်တော့ ယမင်းငယ်ကို ငုံ့ကြည့်နေသော မိန်းကလေး...ထိုမိန်းကလေးက အံ့ဩနေဟန်ဖြင့်....
" ငိုနေတာလား၊ ငါကြောင့်အနှောက်ယှက်သွားဖြစ်သွားလား "
ယမင်းငယ် မျက်ရည်ကို သုတ်လိုက်ကာ ...
" မဖြစ်ပါဘူး ရတယ် ထိုင်လေ ၊ အရင်က မမြင်ဖူးဘူး အခုမှရောက်တာလာ အဆောင်ကို "
" ဟုတ်တယ် ညနေကရောက်တာ "
" ဪ "
ယမင်းငယ် ဒီလသာဆောင်တွင်ထိုင်နေသည်မှာ မည်မျှပင်ကြာသွားသည်မသိ။ နေ့ခင်းလောက်ကတည်းက ခုတော မှောင်၍ပင်နေသည်။
" ငါက အခန်း 825 မှာ "
ယမင်းငယ် ထိုမိန်းကလေးစကားကြောင့် ပြန်ပြောမိသည်။
" ငါ့အခန်းဖော်ပဲ နင်က "
" ဟုတ်လား ညနေကတည်းက အခန်းထဲမှာ စောင့်နေတာ အခန်းဖော်ကို "

YOU ARE READING
The One That Got Away
Short Storyထပ်တူမကျတဲ့ ချစ်ခြင်းမေတ္တာတွေမှာ ချစ်တဲ့သူကမှားတာလား ပြန်မချစ်နိုင်တဲ့ သူကပဲ မှားယွင်းတာလား။ ကံတရားကပဲ မှားယွင်းခြင်းဖြစ်လိမ့်မည်။