" ငါအခန်းထဲက ခုထွက် "" ကျုပ်အိမ်လေ ဘယ်မှာနေနေပေါ့ "
အဆင့်မြင့်အိပ်ရာ၀န်းထဲကခမ်းခမ်းနားနားထည်ဝါနေတဲ့ အိမ်တော်ကြီးသည် ညနေခင်းတစ်ခုမှာတော့ဖြင့် အိမ်ကြီးရှင်နှစ်ယောက်ရဲ့ဆူဆူညံညံအသံတွေ ထွက်ပေါ်နေတော့သည်။
" ကပ်သီးကပ်ဖဲ့လုပ်မနေနဲ့ ဂျွန်ဂျောင်ကု ငါ့မှာ မင်းနဲ့ရန်ဖြစ်ဖို့အချိန်မရှိဘူး "
" ကျုပ်ကလည်း အားယားမနေပါဘူး "
အိပ်ယာပေါ်ထိ သူရဲ့ဖိနပ်ကြီးတွေစီးကာ မထီမဲ့မြင်အကြည့်နဲ့ lip piercing ဆင်ထားတဲ့နှုတ်ခမ်းထောင့်ဘက်ကိုလျှာလေးနဲ့သပ်လိုက်ပြီး ပြောင်ပြလာသည်။နေရာတကာ အပေါက်တွေနဲ့ဘယ်လိုရူးပုံရူးနည်းမှန်းလည်း မသိဘူး။
" ဒီနားလာလေ ... ဘာတွေလုပ်နေတာလဲပျင်းလို့ပါ မနှောက်ယှက်ဘူး "
" ဂျွန်ဂျောင်ဂု "
အချိန်တွေကကြာတော့လည်း ဒီလူရမ်းကားကြောင်းကနောကျေနေပြီ၊ ဘယ်ခြေလှမ်းလှမ်းနေပြီး ဘာအကွက်ရွေ့နေလဲဆိုတာ ပြောင်ချော်ချော်အခွက်ကိုမြင်တာနဲ့ ပတ်ဂျီမင်းတို့ကဒတ်ခနဲဘဲ။
သေတောင်မလာဘူး။
" မလာဘူးပေါ့လေ "
ခုံပေါ်က လူနဲ့ laptop ကို တစ်ဆက်တည်းတွဲမကာ ကုတင်ပေါ်ချပြီး ဘေးကနေကပ်ကာlaptopထဲကအကြောင်းအရာတွေကိုခြုံငုံကြည့်လိုက်သည်။သူကနားလည်ချင်တာမှမဟုတ်တာ ပတ်ဂျီမင်းဆီကအနံ့မွှေးမွှေးလာနမ်းကြည့်တာဘဲလေ။
နောက်ကနေထိုင်ကာOmegaဂလင်းတွေရှိရာ နေရာစီအလစ်ခိုက်မှာ မထိတထိအနံ့ခံကြည့်တော့ ချက်ချင်းသတိကြီးသူက တွန့်သွားတော့သည်။ နည်းနည်းဆိုမှနည်းနည်း ဒီမာနခဲသည် အမြဲတမ်းisolatorဖြင့် pheromoneဆိုတာ စိမ့်ထွက်တာတောင်ခံတာမဟုတ်ဘူး။
" ရူးနေတာလား ဖယ်စမ်းပါ "
" ဒါလေးလုပ်တာ သေးသိမ်ချက်ဘဲ ဒီလိုပုံနဲ့ဘယ်လိုများစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လုပ်နေတာလဲ "
" လျှာမရှည်နဲ့ "
တည့်တဲ့ချိန်ဆိုတာ နိတ္ထိ
အမြဲတမ်းသတ်ပုတ်လိုက်ရမှ။
YOU ARE READING
" ဒါလင် "@AOB
Short Storyချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story