ဆစ်

3.5K 363 37
                                    

အခန်းတံခါးကို အသာဖွင့်ကာခြေသံလုံလုံဖြင့် ၀င်သွားတော့ အိပ်ယာပေါ်မှောက်ရက်ကလေးလှဲနေသည့် ပတ်ဂျီမင်းက သတိမထားမိပါချေ။

တစ်ခန်းလုံး သူကြိုက်တဲ့pheromoneရနံ့တွေမွှေးပျံ့နေပုံထောက်ရင် ပတ်ဂျီမင်း isolator ကပ်မထားလောက်ပါ။ဒီလောက်တောင်သတိမဲ့ပြီး စိတ်လွတ်ကိုယ်လွတ်လောက်ရတဲ့ထိ ဘယ်ဟာကများပျော်စေနေတာလဲ။

ကုတင်ပေါ်က မှောက်ရက်ကိုယ်လုံးလေးသည် အိမ်နေရင်းချည်သားဘောင်းဘီတစ်ဖက်ကအပေါ်ကို တက်နေလျက် ခြေသလူံးဖြူဖြူဖွေးဖွေးက အိပ်ယာခင်းအဖြူစွတ်စွတ်ပေါ်တောင်ထင်နေပါ၏။ ခြေဖဝါးနီနီရဲရဲကလေးတွေ ခြေချောင်းလူံးလုံးလေးတွေနဲ့ ပတ်ဂျီမင်းကိုငယ်ငယ်ကalphaဟုအတပ်ပြောခဲ့သည့်သူ့အမျိုးတွေကိုခေါ်ပင်ပြလိုက်ချင်သည်။ တစ်နေရာမှ နူးညံ့မနေနဲ့နေရာမရှိဘူး ဟု။

" အဲ့တာ‌ တော်တော်ပျော်နေတယ်‌ပေါ့ "

" အမလေး! "

လန့်ဖြန့်ကာ ကုတင်ပေါ်ကထထိုင်လိုက်ပြီး သူကိုခပ်စူးစူးကြည့်သည်။

" လူမှုရေးမရှိဘူးလား တံခါးခေါက်လေ "

" ခိုး၀င်လာပါတယ်ဆိုနေမှ တံခါးခေါက်ရအုံးမှာလဲ "

" ငါမရှိဘူးထင်ပြီး ငါ့အခန်းထဲခိုး၀င်တာ ဘာကိုတိတ်တိတ်လေးလာခိုးတာလဲ "

" အရင်ကပါ အခုကစိတ်ပြောင်းသွားပြီ ကုတင်ပေါ်ကဟာဘဲ မသွားတော့မလို့ "

မျက်လုံးလေးပြူးကာ ကုတင်ပေါ်ပတ်ပတ်လည်လည်ကိုလိုက်ကြည့်သည်။ ဘာမှမတွေ့သည့်အခါ သူ့ပြောနေမှန်းသဘောပေါက်သွားရှာမှ ခေါင်းအုံးနဲ့လူကိုလှမ်းထုတော့သည်။

" ဒီခေါင်းအုံးပြောနေတာကို ဘာထင်လို့လဲ စိတ်တွေကကြီးနေတာ "

" ဘာလာလုပ်တာလဲ လိုရင်းကိုပြော ပြောစရာမရှိရင်သွားတော့ ငါစိတ်အခြေနေကောင်းနေတာကို ရန်မဖြစ်ချင်ဘူး "

" ဘာလာလုပ်ရမှာလဲ ဆေးမတိုက်သွားဘူးလေ အဲ့ဒါလာပြောတာ "

" ငါမှာသွားပေးတယ်လေ မင်းဘဲမသောက်သွားတာဆို "

" ဘာလို့မှာလဲ ကိုယ်တိုင်တိုက်ရမှာလေ ကျုပ်ယူထားတာ ခင်ဗျားမဟုတ်ဘူးလား "

" ဒါလင် "@AOBWhere stories live. Discover now