ဖိုက်

2.8K 265 16
                                    

" နိုးလာရင် ဆေးပြန်ထည့်‌ေပေးလိုက်အူံး ဒေါ်ကြီး ကျနော်သွားစရာရှိလို့ "

" မနက်စာက‌ေရာ သား "

" ကျနော်မစားတော့ဘူး ဒီကောင့်အတွက်ပြင်ပေးထားလိုက်အုံး ပြီးရင် ကျနော်ပြထားတဲ့ဆေးတွေသောက်ခိုင်းလိုက်ပါ "

ပြာတိပြာယာဖြင့် ထွက်သွားတဲ့သူနဲ့ ဆိုဖာပေါ်ခြေပစ်လက်ပစ်အိပ်နေသူ ၊ တစ်ယောက်နဲ့တစ်ယောက် ဂရုမစိုက်ဘဲတော့မနေကြပါ။

ကြည့်ပါလေ သားဂျောင်ကုပေါ်မှာ စောင်ပါး‌လေးတစ်ထည်ခြုံပေးထားလို့။

ဂျီမင်း ငယ်ငယ်တည်းက ဒေါ်ကြီးထိန်းကျောင်းလာတာဖြစ်ပြီး အခုလိုအိမ်ထောင်ကျတဲ့အချိန် အိမ်ခွဲနေမှာတောင် ဒေါ်ကြီးကလိုက်ဖြစ်အောင်လိုက်သည်။သူမအနေနဲ့ ဂျီမင်းအပေါ် မွေးမိခင်ရင်းပမာနီးနီး နားလည်သည်။ သားဂျီမင်းက ငယ်ငယ်တည်းက လူကပ်ခံတဲ့ကလေးအမျိုးအစားထဲမပါ၀င်ပေ အော်ဟစ်သောင်းကျန်းတတ်သည့် ကလေးမျိူးမဟုတ်သောကြောင့်အထူးတလည်မထိန်းရပေ။အရွယ်နဲ့မလိုက်အောင် ခပ်တည်တည်ဖြစ်လွန်းလှသဖြင့် အားလုံးက alphaလေးဖြစ်မည်လို့ မှန်းခဲ့ကြသည်။အဲ့သည်အတိုင်းဘဲ ပျိုးထောင်ခဲ့သည်။alphaတစ်ယောက်ရှိသင့်ရှိထိုက်ရမည့် ကိစ္စအ၀၀အကုန် သင်ယူသည် ဂျီမင်းကိုယ်တိုင်လဲ alphaတစ်‌ေယာက်ဟု ခံယူချက်ထားခဲ့သည်သာ။

သားဂျီမင်း သူနဲ့မတူအောင် ယခုလိုမျိူး ပြာတိပြာယာအဖြစ်ဆုံးက နှစ်တန်းနှစ်မှာဖြစ်သည်။ ကျောင်းကပြန်လာတိုင်း အာပေတူးလို့ သူပြောပြောနေတဲ့ ကလေးအကြောင်းကိုအမြဲပြောတတ်သည်။ အနှီကလေးမှာ သူ့ကိုမြင်တိုင်း မျက်စောင်းကြီးစွေကြည့်တတ်ကြောင်းနဲ့ ပုံ့ပုံ့ကလေးထိုင်ကာ နှာခေါင်းရှုံ့တတ်ကြောင်း သဘောတကျပြန်ပြောပြတတ်သည်။ အလွန်အမင်းတတ်ကြွနေတဲ့ပုံစံသည် အဲ့သည်လိုလဲဂျီမင်းကပျော်တတ်သေးကြောင်းတွေးခဲ့မိတဲ့ ပထမဆုံးပါပင်။

" ဒေါ်ကြီး အိမ်ကလူရော "

မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကြမ်းခင်းနဲ့အိမ်ကြီးရှင်တစ်‌ဦး၏စီး‌ေနကြဖိနပ်အမြင့်ကြီးတို့ခတ်သံထိသံကိုမကြားရ၍ မေးလိုက်သည်။

" ဒါလင် "@AOBWhere stories live. Discover now