" Park Jimin "
" လာမနှောက်ယှက်နဲ့ "
အလာကြီးပါလား ၊ မသိရင်ကိုယ်ကဘဲ သူ့ကိုအလကားနေ လိုက်ရှုပ်နေတဲ့ ချီးထုပ်လိုလို။
" ပြောစရာရှိနေတယ် "
" ဆို "
" ပြန်ပြင်ပြော "
" ဘာလဲ "
" ကျစ် ဒီမှာခင်ဗျား ဟောဒီမှာထိုင်နေတာခင်ဗျားယောကျာ်းနော် "
Park Jimin ဟာ မျက်နှာလေးမဲ့သွားလျက် စောစောစီးစီး ကုတင်ပေါ်ကအင်္ကျီကျွတ်ကြီးနဲ့ကောင်ပါးစပ်ကို အပ်နဲ့ချုပ်ပစ်လိုက်ချင်သည်။
မနေ့ညတည်းက မူးမူးရူးရူးသောက်နိုင်တာလဲမဟုတ်တဲ့အမူးသမားက အတင်းတွေ၀င်ခွ လာဖက်နေလို့ jiminမှာ သူ့အခန်းထဲပြေးအိပ်ရသည်။ အခုတောင် ကိုယ့်အင်္ကျီတွေအထဲမှာမလို့ ၀င်လဲရတယ် မျက်နှာကိုမမြင်ချင်။
" ငါကယူချင်လွန်းလို့လား "
" ဘယ်ပြောရမလဲ အပိုင်ကြံလိုက်တာလဲဖြစ်ကောင်းဖြစ်နိုင်တယ် "
" အခန်းထဲက မင်းအပေါက်တွေထဲ စွပ်တဲ့ဟာတွေအကုန်ကောက်သွား တစ်ခုမှမမြင်ချင်ဘူး တလောကလဲငါတက်နင်းမိပြီးဆူးသွားရတာ တစ်ခုမှမကျန်ခဲ့စေနဲ့ "
" ပြောစရာရှိတယ်လို့ပြောနေတယ် "
" နားထောင်ချင်တဲ့စိတ်မရှိဘူး sorry ဘဲ"
Park Jimin မှာ လက်ထောက်ဖြူဖြူဖွေးဖွေးထံ လက်ပတ်နာရီတစ်ခုကောက်ပတ်နေပြီဖြစ်သည်။ ပေါင်းလာတဲ့တစ်လျှောက် နာရီ၀တ်ပြီးရင် ဆံပင်တစ်ချက်သပ်ပြီး သူအလုပ်သွားတော့မှာ။
အိပ်ယာပေါ်က ကမန်းကတန်းထကာ တံခါးရှေ့ပိတ်ရပ်ပြစ်လိုက်သည်။ ရင်ဘတ်နားလောက်ဘဲရှိတဲ့ခေါင်းလေးမှာ အပီအပြင်ခြယ်သထားသည်။
" ကျုပ်ကပြောစရာရှိတယ်ဆို "
" …ပြော "
" အဲ့လိုအသံကိုမကြိုက်တာ "
" တော်ရုံရူးပါ ဂျွန်ဂျောင်ဂု "
" omegaတစ်ယောက်ရဲ့အသံကိုသုံးပြီး
honey မင်းပြောလေ...ဆိုပြီး ပြော "
Jiminမှာ အရက်ကလေး၀င်ပြီး ဦးနှောက်ပျက်သွားတဲ့လူနာကို ကြည့်နေသည့်ကရုဏာအကြည့်ဖြင့် မော့ကြည့်လာသည်။
YOU ARE READING
" ဒါလင် "@AOB
Short Storyချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story