" ဂျွန်ဂျောင်ဂု အိမ်ပြန်မလာတာ ဘယ်နှရက်ရှိပြီလဲ ဒေါ်ကြီး "
" တစ်ပတ်ပါ သား တစ်နေ့ကသားနဲ့စကားများတဲ့ညနေတည်းက ထွက်သွားတာ အိမ်ပြန်မလာတာတစ်ပတ်ရှိနေပြီ "
" ဘယ်နေရာသွားသေနေလဲ မသိဘူး "
အနှီအရူးကောင်သည် ထူးထူးဆန်းဆန်းတို့ပြောခိုင်းပြီး ပျောက်သွားပုံထောက်ရင် တကယ်ကြီး ရူးသွားတာများလားပင်။ jimin တစ်ဖက်က ထိုအရူးကောင်အကြိုက်ဟင်းခွက်တွေကိုပါ လှမ်းနှိုက်လိုက်သည်။ မမြင်ရမကြားရတော့ အတော်လေး နားအေးစိတ်အေးရှိရသည်။
" သူပြန်မလာဘူးဆိုရင် ဒေါ်ကြီး သားဖို့ဘဲနောက်နေ့ပြင်ပေးထားရမလား "
" ဒီတိုင်းဘဲပြင်ပါ တော်ကြာရောက်လာလို့ စားစရာမရှိရင် ကျနော့်ကိုအာရုံလာနောက်နေအုံးမှာ မခံစားနိုင်လို့ "
" အေးပါကွယ် "
နာရီကိုလှမ်းကြည့်လိုက်တော့ 10နာရီ တိတိ။ ပုံမှန်ဆို ကားအင်ဂျင်သံအကျယ်ကြီးနဲ့ အိမ်ပြန်လာနေကြ အရှုပ်ထုတ်ကောင် ....
ကျွီ!!
" ဟင် သားဂျောင်ကုပြန်လာပြီထင်တယ် "
" သွားကြိုလိုက်ပါ ဒေါ်ကြီး ကျနော်အိမ်ပေါ်တက်တော့မယ် "
" အေး အေး သား ညဘက်ကော်ဖီသောက်အုံးမယ်ဆို ကလေးမလေးတွေခိုင်းလိုက်နော် "
Jiminမှာ အိမ်ပေါ်ထပ်သို့ တက်ဟန်ပြုရင်း ဒေါ်ကြီးရဲ့စိုးရိမ်တကြီးအော်သံကိုကြားလိုက်ရတော့သည်။
" ဟယ် သွေးတွေအများကြီးနဲ့ပါလား သားဂျောင်ကု ဘယ်လိုဖြစ်လာတာလဲ သွေးတွေအများကြီးနဲ့ လုပ်ကြအုံး "
" နည်းနည်း ထိခိုက်လာလို့ ကိစ္စမရှိဘူး ဒေါ်ကြီး ရတယ် "
Jungkook မှာ အင်္ကျီအဖြူလက်တိုထက် ချင်းချင်းရဲနေတဲ့ သွေးတွေကို တစ်ချက်ကြည့်လိုက်ပြီး အင်္ကျီချွတ်ပြစ်လိုက်သည်။
" ဒေါ်ကြီး ဆေးပုံးသွားယူလိုက်ပါ ဒီကောင်ဒီလိုဖြစ်တာ အဆန်းမဟုတ်ဘူး စိတ်မပူနဲ့ ကျနော်ကလေးမလေးတွေကို ပြင်ထားခိုင်းတဲ့ဆေးပုံးရှိတယ် "
YOU ARE READING
" ဒါလင် "@AOB
Historia Cortaချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story