မနက်မိုးလင်း အိပ်ယာနိုးလို့ မျက်စိဖွင့်တာနဲ့ဘေးမှာ ပတ်ဂျီမင်းရှိနေမှ ကိုယ့်ကိုကိုယ်အိမ်ထောင်သည်ဆိုတာကိုအမှတ်ရတယ်လို့ဆိုကာဂျွန်ဂျောင်ဂုကညဆို မျက်နှာချင်ဆိုင်အခန်းထဲအသိုက်ဆောက်ကာမထွက်တော့ပေ။
" ငါ့အိပ်ယာ.. လာမအိပ်နဲ့ "
နောက်တော့ဘာဖြစ်ရမလဲ အိပ်ယာမမျှချင်တဲ့လူနဲ့တစ်ပွဲတစ်လမ်းစကားများရတယ် စကားများတော့များတယ်။
" ဘာဖြစ်နေတာလဲ လက်မပါချင်ဘူးနော် ပတ်ဂျီမင်း "
ပြီးတော့လည်း အောကြောလန်ကမောပြီးအိပ်ပျော်သွားလို့ ဖက်အိပ်ပြစ်လိုက်တာပါဘဲ။
တစ်နေ့လုံးက စိတ်ခံစားချက်အကုန်ကုန်ကomega pheromonesအနံ့မွှေးမွှေးလေးကြား အရည်ပျော်သွားရတော့ အိပ်ကောင်းရလို့ ဖက်ပြီးအိပ်ပြစ်ရတာလို့ မနက်နိုးရင်ပြောပြောပြရေသးတယ်။
" အဖြစ်သည်းမနေနဲ့ ဘယ်သူကစိတ်ပါလွန်းလို့ ဖက်နေတာကျနေတာဘဲ "
" မင်းအနံ့တွေ ငါ့ပေါ်မှာစွဲကုန်ပြီလေ အရူးကောင်ရဲ့!! ငါဒီအိမ်မှာကိုမနေနိုင်တော့ဘူး "
" မနေနဲ့ ဆင်း..ငါကလဲသွားတဲ့နေရာလိုက်မှာ "
ကပ်စေးကုပ်က နည်းနည်းတောင်အထိမခံလို့ နိုးရင်လဲစကားထပ်များရပြန်ရောဘဲလေ အိပ်ချင်နေတာမလို့ သူ့ဘာသူထုထုရိုက်ရိုက်ဘာလုပ်လုပ် ဂျွန်ဂျောင်ဂုကတော့ ခေါင်းအုံးထဲမျက်နှာအပ်ပြီး အကြွင်းကျန်အနံ့မွှေးမွှေးလေးထဲထိုးအိပ်နေလိုက်တာ နောက်ကျတော့ တစ်ယောက်တည်းအခန်းထဲလှုပ်စိလှုပ်စိနဲ့ ရှိုးထုတ်ပြီးအလုပ်သွားမှဘဲ အိပ်ယာကထလိုက်တယ်။အေးလေ ဘာတတ်နိုင်သေးလဲ။
" လာကြောချင်သေးတာ "
မျက်နှာသစ်ပြီး အိပ်ယာပေါ်ကြည့်လိုက်တော့ ခေါင်းအုံးတွေကခြေရင်းေရာက်ကာစောင်ကအပေါ်တစ်၀က်အောက်တစ်၀က်နဲ့ ရှုပ်ပွနေသည်။
ဘာလို့ရယ်မှန်းမသိပါ မနေ့တနေ့ကသူလာအိပ်တိုင်းအိပ်ယာရှုပ်ပွပြီးကျန်ခဲ့လို့ လာမအိပ်နဲ့လို့အကြောင်းရင်းပေးလာတဲ့ ပတ်ဂျီမင်းအော်သံကိုသွားကြားမိတော့ စောင်ကိုကြမ်းကြမ်းခါပြီး ညီနေအောင်ခေါက်ကာ ခေါင်းအုံးတွေသူ့နေရာနဲ့သူထားလိုက်သည်။
YOU ARE READING
" ဒါလင် "@AOB
Short Storyချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story