အိမ်ကြီးရှင်နစ်ယောက်ရဲ့ ဆုံမိကြပုံ...အမ်း ညားမိကြပုံပြောရင်ပိုမှန်မလားဘဲ။
ထိုနေ့က မှတ်မှတ်ရရသောကြာနေ့ဖြစ်လောက်မည် မိသားစုကြီးနှစ်ခုရဲ့ညစာစားပွဲလေးပေါ့ အမြင်ကတ်စရာပတ်ဂျီမင်းလေးက မင်းသားရှုံးအောင်ပြင်တင်ထားပြီး ဆောင့်ကြွားကြွားလေး ဘယ်လောက်မုန်းစရာလဲ။
" Jiminရဲ့ဒီတစ်ခေါက် ပရောဂျက်က အကြီးကြီးမိလိုက်တယ်ဆို ... မင်းကတော့ဦးလေးတို့တောင်လိုက်မမှီဘူးကွယ် တော်တယ် တော်တယ် "
" ကံကောင်းသွားတယ်ထင်ပါတယ် ဦးလေးဆီကစကားတွေတော့ မခံယူဝံ့ပါဘူး "
" အိမ်ကတစ်စုံတစ်ယောက်ကတော့ ဘယ်လိုမှပြုမရပြင်မရ တစ်နေ့တစ်နေ့လတ်လတ်ကိုထနေတာဘဲ မင်းဆီကတကယ်သင်ယူစေချင်တယ် "
ပန်းကန်ထဲက အမဲသားတွေကိုခက်ရင်းနဲ့ ထိုးဆွနေရင်းကြားလိုက်ရတဲ့စကားကြောင့် မျက်လုံးကြီးပြူးပြီး ဒယ်ဒီ့ကိုလှမ်းကြည့်လိုက်သည်။ အဲ့လိုလျှောက်ပြောနေလို့ ကိုယ့်သား imageကျသွားမှာမပူဘူးလား! alpha နဲ့omegaလေ ကိုယ်ကalphaတစ်ယောက်မွေးထားတာနဲ့တင်ဂုဏ်ယူသင့်နေပြီကို။
" အချိန်ရရင် ကျနော်နဲ့jungkookကိုသင်ပေးချင်ပါတယ် ဘာဘဲဖြစ်ဖြစ်သူငယ်ငယ်တည်းကကျနော်နဲ့ရင်းနှီးလာခဲ့တဲ့ကလေးဘဲကို "
" အဲ့လောက်သင်ပေးချင်နေရင် ကျုပ်ကိုယူလိုက်ပါ့လား တစ်ခြားသူစိမ်းဆီကတော့အသင်ပြမခံနိုင်ပါဘူး "
" ... "
" ဒီကောင်လေး ဘာတွေ "
" အတည်ပြောနေတာ ကျုပ်ယောကျာ်းလုပ်မလား Park Jimin "
လူကြီးတွေရှေ့လုပ်ရဲလားဆိုတဲ့စိန်ခေါ်လိုက်သောစကားလေးတစ်ခွန်းကို ဘယ်လိုမခံချင်စိတ်တွေ ပြင်းပြနေလို့ အဲ့ပတ်ဂျီမင်းကလက်ခံလိုက်တာလဲ? တကယ်ကြီးရူးနေတာတော့မဟုတ်ဘူးမလား။
နေပေါ့ အလကားနေရင်း ယောကျာ်းလေးယူရတာများ ဘာခက်တာကျလို့ သူတောင်လုပ်ရဲတာငါကရောဘာကိစ္စမလုပ်ရဲရမှာလဲ ဟုရူးမိုက်စွာနဲ့ဘဲ နှစ်ဖက်မိဘစီစဉ်တဲ့အနှီအချစ်မပါနားလည်မှုမပါတဲ့အိမ်ထောင်ရေးကြီးစတင်ခဲ့တယ်ဆိုပါတော့။
YOU ARE READING
" ဒါလင် "@AOB
Short Storyချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story