ဆုံလည်ထိုင်ခုံပေါ်ထိုင်နေတဲ့ Park Jimin မျက်လုံးများက လက်ထဲကစာရွက်စာတမ်းများတွင် ကပ်ထားမနိုင်ခဲ့၊ ဆိုဖာပေါ်မှာလူသတ်လက်နက်လုပ်လို့ရတဲ့ဖိနပ်ကြီးကိုမချွတ်ဘဲလူဆိုးကောင်လုပ်နေတဲ့ Jeon Jungkook ဆီဘဲသွားသွားကပ်နေသည်။
ရင်ခုန်သွားတာလား ဟုအမေးအောက်တွင် တကယ်တမ်းJiminမှာဖြေစရာမရှိ ထိုအချိန်တွင် အမှန်ကိုနှလုံးခုန်သံမြန်နေခဲ့သည်။သို့သော်လည်း ဒီကောင်ကိုရင်ခုန်တယ်ဆိုပြီး imageတော့အကျမခံနိုင်၍ မှီရာလှမ်းရိုက်ကာ ခပ်တည်တည်စကားမပြောဘဲနေလိုက်သည်။
နာရီ၀က်ပင်ရှိတော့မည်။အနှီအစုတ်ပလုတ်မှာဘာမှလည်းမလုပ်ဘဲ ရုံးခန်းထဲရှိဆိုဖာပေါ်မှာ လှန်လိုက်မှောက်လိုက်ဖြင့် တစ်ခါတစ်ရံကျနံရံကြီးကိုတွေတွေကြီးကြည့်နေပြန်သည်။
knock knock!
" ၀င်ခဲ့ "
" ဥက္ကဌ .. မှာထားတဲ့ထမင်းဘူးလာပို့တာပါ ကျွန်မဘယ်နားထားလိုက်ရမလဲ "
" ဟိုပေါ်က .. သူ့ကိုပေးလိုက် "
၀န်ထမ်းကောင်မလေးမှာ ဆိုဖာပေါ်က alphaကောင်ငယ်လေးကို ကြည့်ရင်းပြုံးစိစိဖြင့် တွေးလိုက်မိသည်။
ဒါဥက္ကဌတုန်နေအောင်ချစ်တယ်ဆိုတဲ့ဥက္ကဌယောကျာ်းဘဲဖြစ်မယ် ဟီဟီ မဆိုးပါဘူး ဂျစ်ကန်ကန်styleလေးနဲ့ဥက္ကဌကိုကိုခေါ်ပြီးချွဲအီနေမှာဘဲ သေချာတယ် ပြန်သွားပြီးဟိုဟာတွေကိုဖောက်သည်ပြန်ချလိုက်အုံးမယ် ဥက္ကဌကခပ်ဆိုးဆိုးလေးကိုကြိုက်တာလို့!
" ဒါဘာလဲ "
Jiminမှာ မသိချင်ယောင်ဆောင်နေရင်း Jungkook ကမေးလာပြန်တာကြောင့် ထမင်းဘူးကိုမမြင်ဖူးဘူးလားဟုပြောလိုက်ချင်သော်လည်း စိတ်ကရန်ဖြစ်ချင်စိတ်ရှိမနေသောကြောင့် ဒေါသကိုခဏခေါက်သိမ်းလိုက်သည်။
" ထမင်းဘူး ... မနက်စာ "
" ဘာသဘောလဲလို့မေးတာ "
" ဘာလို့စကားတွေများနေတာလဲ စားစရာရှိတာမစားဘဲ "
" မနက်စာမစားလာလို့ မှာပေးတာမလား "
" မဟုတ်ဘူး..အဆိပ်ခပ်ထားတာ နောက်ယောကျာ်းယူချင်လို့ စားလေ "
YOU ARE READING
" ဒါလင် "@AOB
Short Storyချစ်လွန်းလို့ ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ယူခဲ့တာချည်းပါဗျာ မုန်းတယ်ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ OTP-Jikook Author -ဂု Type-AOB, short story