အပိုင်း (၁)

3.6K 147 2
                                    

ဤဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးသာဖြစ်သည်😁

"ယုယမောင်"လို့အော်လိုက်တဲ့အသံကတော့ မန္တလေးမြို့ရဲ့မြို့မျက်နှာဖုံးသူဌေးကြီး
ဉီးဇေယျာမောင်၏အသံဆိုတာမလွှဲဧကန်အမှန်
ဖြစ်လေသည်။ယခုလိုအော်ရတဲ့အကြောင်းကတော့........
ဉီးဇေယျာမောင် "ယုယမောင်ထစမ်းအခုအိမ်ရဲ့ခြေရင်းမှာနင်အိပ်နေစရာလားညကဘယ်အချိန်ကပြန်လာတာလဲငါ့ကိုပြောစမ်း"

ယုယမောင်တို့များဖေကြီးနဲ့မှတန်းတိုးရတယ်လို့
"ဖေကြီးကလဲသားကမနက်အစောကြီးနိုးနေတာအဲ့တာအိမ်ရှေ့ထွက်ပြီးအကြောဆန့်တာခြေရင်းနားမှာထိုင်ပြီးတော့လေ့ကျင့်ခန်းလုပ်နေတာအဲ့တာပြန်အိပ်ပျော်သွားတာပါ..ဟီး... ဟီး"

"ယုယမောင်နင်ငါအဖေကိုလိမ်လို့ရမယ်ထင်နေလာအဝတ်တွေမှာလဲအရက်နံ့တွေထွက်နေတာပဲသမီးလေးတယောက်မွေးထားမိပါတယ်ထိန်းလို့ကိုမနိုင်ဘူး.. ခနလေးနင့်ငါ့ရိုက်မှရတော့မယ်
မပြေးနဲ့လေ...ဟာ"
"မေကြီးရေလုပ်ပါဦး......မေကြီးရေ......ဖေကြီးရိုက်နဲ့လို့ဆိုနေ....မေကြီးယောကျာ်းသားကိုလိုက်ရိုက်နေတယ်"
"မပြေးနဲ့..အာဒီကလေးမပြေးနဲ့စမ်း....."

အိမ်အောက်ထပ်ကဆူသံတွေကြားလိုဘုရားရှီခိုးတာကိုရပ်ပြီး...ဒေါ်စောယုဆင်းလာတော့တွေ့လိုက်ရတဲ့မြင်ကွင်းကသူအတွက်သိပ်ကိုချစ်စဖွယ်ဖြစ်နေသည်။
"ကဲ့တော်ကြတော့ဘာဖြစ်ကြတာလဲရှေ့ကို
နှစ်ယောက်လုံးလာ"
ဉီးဇေယျာဆိုတာအိမ်မှာဆိုရင်အဲ့လို့သူဇနီးကိုကြောက်ရသည်။
မေယုယမောင်တို့ကတော့မကြောက်ပေါင်ဘာလို့ဆိုမေကြီးကသူ့ကိုသိပ်ချစ်တာကို...😎
"ပြောပါဉီးဒါဘယ်လိုဖြစ်ရတာတုန်း"
"မေကြီးယောကျာ်းပေါ့သားကိုလိုက်ရိုက်နေတာ"
"ကိုယ့်ကအလကားအားလို့လိုက်ရိုက်တာမဟုတ်ပါဘူးယုရယ်သားသားမနေ့ညကအိမ်ပြန်မအိပ်ဘူးမနက်မှအိမ်ရှေ့ခြေရင်းမှာအိပ်နေတယ်လေကားတောင်ခြံရှေ့မှာဒါကြောင့်ကိုယ်ကရိုက်မလို့လုပ်တာအဲ့တာကိုပြေးနေတယ်"

"သားသားညကဘာလို့ပြန်မအိပ်တာလဲမေကြီးစကားကိုနားမထောင်တာလား..ဟိုကားကသားသားကားမဟုတ်ဘူးဘယ်သူ့ကားလဲပြောစမ်း
မေကြီးကို"
"ဟိုအဲ့တာကလေမေကြီး"
"မေကြီးလိမ်တာမကြိုက်ဘူးနော်သားသား"

"ဟုတ်"
"တကယ်တော့အဲ့တာဆောင်းရဲ့ကားပါသားကားကမနေ့ကသူငယ်ချင်းတွေနဲ့အလောင်းအစားလုပ်ရင်းပါသွားတယ်😅"
"ဘာ"
"ကိုယ်ရယ်လန့်လိုက်တာ"
"ယုမကြားလိုက်ဘူးလား.."
"ကြားတယ်လေ..အခုခေတ်ကလေးတွေကဒီလိုပါပဲကိုယ်ရယ်..ပြန်မဝယ်ပေးနိုင်တာလဲမဟုတ်ပဲနဲ့..သားနောက်ဒီလိုမဖြစ်စေရပါဘူးလို့ကတိပေးရမယ်"
"ဟုတ်မေကြီး"
"ကိုယ်ကတော့သဘောမတူဘူးယုဒီကလေးကအလိုလိုက်လို့ပျက်စီးလာပြီကိုယ့်တို့မွေးထားတာသမီးမိန်းကလေး..အခုလိုတွေလုပ်နေတာတော့သဘောမကျဘူး"
"ဖေကြီးကလဲဒီတခါပဲနောက်မလုပ်တော့ဘူး...နော်..နော်လို့..."
"နောက်တခါဒီလိုဖြစ်လာရင်ဖေကြီးအဆိုးမဆိုနဲ့
ဒါဖေကြီးနောက်ဆုံးခွငိ့လွှတ်ခြင်းပဲ"
"ဟုတ်ဖေကြီး"
"ကြားတယ်နော်သားသားနောက်တခါဆိုမေကြီးလဲကယ်နိုင်မှာမဟုတ်တော့ဘူး....လာမနက်စာသွားစားကြမယ်.."
"ဟုတ်"

သာသာရဲ့ပထမဉီးဆုံးကြိုးစားထားတဲ့ficလေးကိုသည်းခံပြီးဖတ်ပေးနော်
အကောင်းကြီးတော့မဟုတ်ဘူးပေါ့ပထမဆုံးဆိုတော့..စာလုံးပေါင်းမှားတာရှိရင်လဲခွင့်လွှတ်ပေးပါ...🤗🤗

သူကြီးမကတော်Where stories live. Discover now