#Zawgyi
မနက်မိုးသောက်ချိန် လူတိုင်းအားလုံး နှစ်ချိုက်စွာအိပ်နေကြသော်လည်း ဟန်နရီဂျွန်လေးမှာမူ စောစောထကာ
အညိုရောင်ရှပ်အင်္ကျီလေးအားဝတ်ဆင်ပြီး
အညိုရောင်ချည်ဘောင်းဘီလေးကိုဝတ်၍
ဆံပင်ရွှေရောင်ကိုချလျက် သပ်ရပ်သန့်ရှင်းစွာ
ဝတ်ကာ ကိုကိုအခန်းထံသွားမည်။" ခစ်ခစ်...ကိုကိုငါ့ကိုကြွေသွားစေရမယ်၊
ကိုကိုလည်းငါ့လိုချစ်စရာကောင်းပြီးလှတဲ့
ကောင်လေးကို ကိုကိုချစ်သွားမှာ ခစ်ခစ်...
ကိုကိုရေ ကလေးလေးရဲ့မာယာလေးထဲ
နစ်မြောဖို့သာပြင်ပေတော့ "ဂျောင်ဂုအခန်းတံခါးဖွင့်ကာ သူနဲ့ဘေးချင်းကပ်
ရပ်ဖြစ်နေတဲ့ကိုကို့အခန်းရှေ့သို့သွားကာ
စတင်၍ တံခါးခေါက်သည်။' ဒေါက်! ဒေါက်! '
" ကိုကိုရေ! ကလေးလေးလာတယ်၊တံခါးဖွင့်ပါ
ဦး ကိုကိုရဲ့၊ ကိုကို...ကလေးလာ-- အို! ကိုကို "တံခါးကိုအဆက်မပြတ်ခေါက်ပြီး အရှေ့ကနေ
အသံပေးနေတော့ တံခါးဖွင့်ကာတွေ့လိုက်ရတဲ့
ကိုကို့ရဲ့ပုံရိပ်ကြောင့် ဟန်နရီလေး အရှက်ပိုရဲ့။
ဘာကြောင့်ဆို ကိုကိုကရေချိုးပြီးစမို့ ရေချိုးသဘတ်အရှည်ကိုခါးကိုသာပတ်ထားလေရဲ့။" ဟန်နရီဂျွန် မနက်စောစောကိုယ့်ထံမှာ ဘာကိစ္စများရှိလို့ပါသလဲ... "
" ဟို--ဟို ကိုကို..ဟိုလေ... "
ဂင်မ်ဗန့်ထ်သိသည်။ဟန်နရီလေးက သူ့ကိုကြည့်ပြီးရှက်နေတယ်ဆိုတာသိပါ့။
ဒါကြောင့်သူခပ်ယဲ့ယဲ့ပြုံးသည်။" ပြောမှာဖြင့်ပြောလေ ကိုယ်အဝတ်စားလှဲတော့
မယ်၊သွားစရာရှိသေးတယ်ဗျ "သွားစရာရှိသေးသည်ဆိုတဲ့နောက်ကွယ်ကြောင့်
ဟန်နရီလေးဟာ အတွေးလွန်သွားသည်။
သူ့ကိုကိုဟာ ဟိုကောင်လေးနဲ့အတူ အပြင်ထွက်ဖို့ကို ရည်ရွယ်နေသည်ထင်ကာ
မျက်နှာလေးရှုံ့မဲ့လာရင်း ဂင်မ်ဗန့်ထ်၏ ဗာလာကျင်းနေတဲ့အပေါ်ပိုင်းရင်ခွင်ထဲ
ဝင်ငိုနေတော့သည်။ဂင်မ်ဗန့်ထ်ကကြောင်အကာ
ဟန်နရီဂျွန်ငယ်လေး၏ခါးသေးအား ဖက်တွယ်ထားသေး၏။
YOU ARE READING
8 Letters ( Completed )
RomanceTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို ကလေးကိုမချစ်ရင် ကလေးကတစ်ခြားယောကျာ်း တစ်ယောက်ကို ပြန်ချစ်လိုက်တော့မှာ! ကိုကို ကလေးကိုမချစ်ရင် ကလေးကတစ်ခြားယောကျာ်း တစ်ယောက်ကို ပြန်ချစ်လိုက်တော့မှာ! Start Date - 25.3.2023 End Date -