#Zawgyi
တိတ်ဆိတ်သောအခန်းလေးဝယ် ချစ်စရာအလွန်
ကောင်းသည့် ဂင်မ်ဗန့်ထ်ရဲ့ဟန်နရီဂျွန်လေးဟာ
သူ့၏လက်ထပ်ပွဲနေ့မှာ စိတ်လှုပ်ရှားစွာအခန်းထဲ
ဟိုလျှောက်ဒီလျှောက်လုပ်နေသည်။နှုတ်မှလည်း
သူ့အမှားလုပ်မိမှာဆိုးလို့ ရေရွတ်နေမိသည်။" အစ်ကိုရိုင်လီ ဟန်နရီကြောက်တယ်၊ဟန်နရီ
အမှားလုပ်မိရင် ဘယ်လိုလုပ်မလဲ၊ဟင့်....
ကိုကိုကလည်း ကလေးရှိကိုမလာဘူး...ဟင့်
ခဏလေးတွေ့ရမဲ့သူတွေကို သူကမိတ်ဆက်
နေသေးတယ်၊ကိုကိုမကောင်းဘူး... "ဟန်နရီလေးက ဒီနေ့သူရဲ့လက်ထပ်ပွဲအတွက်
စိတ်လှုပ်ရှားနေခဲ့တာ။အနောက်တိုင်းဝတ်စုံ
အဖြူရောင်လေးကိုဝတ်ကာ ဆံပင်ရွှေရောင် အရှည်လေးကိုချထားပြီး လှလှလေးဖြစ်နေတာ။" ဟန်နရီလေးရယ် ဖြည်းဖြည်းပြောပါနော်၊
မငိုနဲ့နော်၊ငိုရင် ဟန်နရီလေးရဲ့ကိုကိုဗန့်ထ်က
ပြောနေလိမ့်မယ်လေ "ဟန်နရီလေးက စိတ်တွေလှုပ်ရှားကာအသံတွေ
တုန်ရီလို့ ဟန်နရီလေးကစိတ်လှုပ်ရှားနေတာ။" ဟင့်...ဟန်နရီကြောက်တယ်၊လူတွေအများ
ကြီးတောင်မဟုတ်ပဲနဲ့ ဟန်နရီကြောက်တယ် "" ဟန်နရီလေးရယ် "
ရိုင်လီ့မှာထိန်းရခက်ပြီဖြစ်သည်။ဟန်နရီလေးက
သူ့မှာအခန်းထဲ လက်အိတ်ဖြူဖြူဝတ်ထားတဲ့
လက်တွေကိုပွတ်သပ်လို့ လမ်းကိုခေါက်တုန့် ခေါက်ပြန့်လျှောက်နေခဲ့တာ။" ဟန်နရီ!မင်းဘာလို့ လမ်းဘာလို့လျှောက်နေတာ
လဲ၊ငြိမ်ငြိမ်လေးနေစမ်းပါကွာ "အခန်းထဲဝင်လာတဲ့ဒန်နီယယ်က ဟန်နရီလေးရဲ့
ဂနာမငြိမ်ပဲလျှောက်သွားနေတဲ့ပုံကိုကြည့်ကာ
မေးလာလေသည်။ဟန်နရီလေးကတော့ ဒန်နီယယ့်စကားကို ဂရုမစိုက်ပါဘဲ သူအရမ်းစိတ်လှုပ်ရှားနေကြောင်းကို ပြောပြပါနေပါသည်။" ဟင့်... ငါစိတ်လှုပ်ရှားတယ်၊ကိုကို့ကိုလည်း
တွေ့ချင်တယ် အင့်ဟင့်... ငိုချင်လာပြီကို "" မငိုပါနဲ့ ဟန်နရီရယ်၊ငါ မစ္စတာဗန့်ထ်ကို
သွားခေါ်လာခဲ့မယ် "
YOU ARE READING
8 Letters ( Completed )
RomanceTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK ကိုကို ကလေးကိုမချစ်ရင် ကလေးကတစ်ခြားယောကျာ်း တစ်ယောက်ကို ပြန်ချစ်လိုက်တော့မှာ! ကိုကို ကလေးကိုမချစ်ရင် ကလေးကတစ်ခြားယောကျာ်း တစ်ယောက်ကို ပြန်ချစ်လိုက်တော့မှာ! Start Date - 25.3.2023 End Date -