CHAPTER - 26 ( FINAL )

1.6K 103 190
                                    

#Zawgyi

ထို့နေ့ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်
ဂရေစ့်ဂျွန်ဟာ လှေကားထပ်ကနေပြုတ်ကျလို့
ခြေထောက်ကျိုးခဲ့ရပြီး ဆေးရုံမှာနေရသည်။

အန်ကယ်ဂျွန်မှာလည်း ထိုကိစ္စတွေအားလုံးကို
သိပြီးနောက်မှာတော့ တစ်နိုင်လုံးကိုသူ၏
အတွင်းရေးကိစ္စများအား ဖွင့်ချခဲ့လိုက်သည်။
ဒါ့အပြင်သွေးသားရင်းမဟုတ်တဲ့ စစ်ချက်တွေရော၊ဘယ်သူ့ရဲ့သမီးလဲဆိုတာအစ
ဖွင့်ချပေးလိုက်သည်။

လီလီ့ကိစ္စများအားလုံးအပြင်၊ဂရေစ့်ရော၊
သူ့ရဲ့ချစ်ရတဲ့ဟန်နီသေခဲ့ရတဲ့ ကိစ္စတွေပါ
ဖွင့်ဟလိုက်တော့မှ မစ္စဟန်နီဟာ သနားစရာကောင်းတဲ့ ဇနီးဖြစ်ရသလို၊
သားဖြစ်တဲ့ဟန်နရီဂျွန်လေးမှာလည်း
သူ့မာမီရဲ့အဖြစ်ပျက်ကိုကြားပြီးနောက်
အရင်လိုစိတ်ထိခိုက်နေခြင်းမရှိတော့ပါ။
သူ့ဘေးနားမှာ သူ့ချစ်ရတဲ့ကိုကိုရှိနေခဲ့ပြီ
မဟုတ်လား။

ယခုကဗန့်ထ့်မှာ အားနာစွာဖြင့်ရှိတာမို့
ဂရေစ့်တက်နေရတဲ့ဆေးရုံသို့ရောက်နေသည်။
ဂရေစ့်ကတော့ ခြေထောက်ကျိုးသွားခဲ့ပေမဲ့
ပြုတ်ကျတဲ့အရှိန်ကြောင့် ခေါင်းကပါ ကျောက်ပြားကိုထိတဲ့အရှိန်မို့ ကိုမာဝင်နေခဲ့သည်။ဦးလေးမင်ကတော့ သတိမရသေးတဲ့ သူ့သမီးဂရေစ့်အနားနေပြီး လက်လေးတွေကိုညှင်သာစွာသုတ်ပေးရင်း
ရှိနေတာမို့ သူ့မှာလူနာတွေ့သည့်အနေနဲ့
သူလာခဲ့သည်။

" ဦးလေးမင် ကျွန်တော်ဗန့်ထ်ပါ "

ဗန့်ထ်ကဦးထုပ်ကိုချွတ်လို့အခန်းထဲက ဆိုဖာ၌
ဝင်ထိုင်သည်။ခဲရောင်ရှိသည့်အနောက်တိုင်းဝတ်စုံကိုဝတ်လို့ ဦးထုပ်ဆောင်းထားတဲ့ ဗန့်ထ်ဟာအတော့်ကိုခန့်ညားပါသည်။

" ထိုင်ပါဦးကွာ၊သမ္မတဂျွန်က ဟိုတစ်နေ့က
သူ့သားငယ်လေးနဲ့အတူ လာသွားသေးတယ် "

ဦးလေးမင်က သူ့သမီးရဲ့လက်တွေကို အဝတ်ခြောက်နဲ့သုတ်ပေးလိုက်ပြီး ဘေးကစင်ပေါ်တွင်ချကာ စကားဆက်သည်။

ဗန့်ထ်ကတော့ပြုံးလို့ ဖြေလိုက်တယ်။

" ကျွန်တော်သိပါတယ်၊ကလေးငယ်နဲ့အန်ကယ်ကို
သီးသန့်သွားစေချင်လို့ ကျွန်တော်ကလွှတ်ပေး
လိုက်တာပါ၊ဂရေစ့်က ဘယ်လိုနေလဲ "

8 Letters ( Completed )Where stories live. Discover now