CHAPTER - 4

1.3K 162 223
                                    

#zawgyi

ဂင်မ်ဗန့်ထ်မှာ အဖိုးကိုထပ်၍အားနာနေရသည်။
အမွှေစိန်ဟန်နရီဂျွန်လေးမှာ အဖိုးထံမှနေလည်
စာကိုရောစားချင်သည်ဟုပြောတော့ အဖိုးမှာ
ပြုံးလျက် မီးဖိုခန်းထဲဝင်သွားသည်။သည်တော့
ကျန်ခဲ့သောကျွန်တော်နဲ့ဟန်နရီဂျွန်ရှိသော်ငြား
စကားနားမထောင်သော အဆိုးလေးကို ဆူရပါမည်။

" ဟန်နရီဂျွန်!အဖိုးကအသက်ကြီးပြီလေ၊မင်းနား
လည်သင့်တယ်ကွာ၊အခုတော့ အဖိုးကအနားမယူ
ရသေးဘဲ မီးဖိုခန်းထဲဝင်နေရတယ်၊အဲ့ဒါကောင်း
တဲ့အပြုအမူရောဟုတ်ရဲ့လား ဟန်နရီဂျွန်! "

" ဟင့်..ဟုတ်ပါဝူး ကိုကိုရဲ့ "

ခေါင်းလေးငုံ့ကာ သူဆူတာတောင် ငိုမဲ့မဲ့လေး
လုပ်နေသည်မို့ သူ့မှာရင်တွေပူလာကာ စိတ်လျှော့
ရသေးသည်။မဟုတ်ရင် ဟန်နရီဂျွန်လေးက
အသည်းငယ်သည့်အရွယ်လေးမို့ သူ့မှာစိတ်တိုဖို့
ကို မနည်းပြန်ထိန်းရသည်။ထိုစဉ် တီးတိုးကြား
လိုက်ရသော စကားသံလေးကြောင့် စိတ်မကောင်းဖြစ်ရပြန်သလို ရယ်လည်းရယ်ချင်ပါသေးသည်။

" ကိုကိုကလည်း ကလေးကို အမြဲဆူနေတော့တာ
ပဲ၊ကိုကိုက ကလေးကိုတော့အမြဲဆူပြီး ဟိုဟာမ
ကိုကြတော့ တဂရေစ့်ထည်းဂရေစ့်နေမှာမလား
ကိုကိုက တကယ်တော့လူဆိုးကြီး "

" ကိုယ်ကမင်းအစ်မကို ဘယ်တုန်းကစကား
ကောင်းကောင်းပြောတာတွေ့လို့လဲ ဟန်နရီဂျွန်၊
ကိုယ်က မင်းနဲ့ပဲလျှောက်သွားနေရတာကို
မတွေ့လေသလား ဟန်နရီဂျွန် "

" ဟင့်အင်း...တွေ့ဘူး...ကိုကို "

ခက်ပြီ။ဟန်နရီဂျွန်လေးနဲ့တော့ခက်ပြီ။
သူနဲ့အခုလေးတင်အတူတူထွက်လာတာကို
မထွက်လာပါဘူးတဲ့ခင်ဗျာ။ဒီကောင်လေး
အခုလိုလည်းပြောထွက်သေးတာတဲ့လား။

" မတွေ့ရင် နောက်ဆိုဟန်နရီဂျွန်နဲ့ကိုယ်မလိုက်
တော့ဘူး၊တစ်ယောက်ထည်းသွားတော့ကွာ
ဟုတ်ရဲ့လား ဟန်နရီဂျွန်လေး "

" ကိုကိုက အဲ့ဟာမနဲ့သွားချင်လို့ ကလေးကို
တွန်းထုတ်တာမလား၊သိပါတယ်...ကိုကိုက
အဲ့ဟာမကိုဆို ဂရေစ့်ထည်းဂရေစ့်ချင်နေတာ "

8 Letters ( Completed )Where stories live. Discover now