CHAPTER - 22

976 100 113
                                    

#Zawgyi

" ကလေးငယ် မငိုနဲ့လေ၊ကိုယ့်ကိုပြော ကိုယ့်ကိုပြောလေကွာ ကလေးငယ်... "

ရုတ်ချည်းဆိုသလိုဓာတ်ပုံကိုကြည့်၍ လဲကျသွားတဲ့ကလေးငယ်ကြောင့် ဗန့်ထ်မှာ
အသည်းအသန်ဖြစ်သွားတယ်။ကလေးငယ်က
သူ့ရင်ခွင်ထဲဝင်၍ ကြောက်လို့တုန်တက်ကာ
ခေါင်းခါနေသည်။

" ဟင့်... ကြောက်...ကြောက်တယ်...ကိုကို "

ရင်ခွင်ထဲကနေဗန်ထ့်ကိုကြည့်လာကာ အသံတုန်တုန်ရီရီနဲ့ပြောလာတယ်။ထိုသည်နှင့်
ဗန့်ထ်က ခေါင်းလေးကိုပွတ်ပေးရင်း ဓာတ်ပုံပေါ်က ကလေးငယ်ကြောက်နေတဲ့
အမျိုးသမီးကိုကြည့်လိုက်တယ်။
ဓာတ်ပုံပေါ်ကသူမက တစ်စုံတစ်ယောက်နဲ့ တူနေသည်။ဒါကြောင့်မို့ သက်ပြင်းချရင်း စကားဆိုတယ်။

" ဟုတ်ပြီ၊ကိုယ်သိတယ်၊ကိုယ်တို့ ပြန်မယ်၊
ကလေးငယ်...ထပ်မငိုနဲ့တော့ ကိုယ့်ကိုကြည့်..
ကလေးလေး စိတ်ကိုလျှော့လိုက် ကလေး... "

" ဟင့်...ကိုကိုခေါ်သွားပါတော့၊ကလေး...သူ့ကို
ကြောက်တယ်၊မာမီ...ဟင့်....မာမီ "

ကလေးငယ်က ကြောက်ရင်းကနေ အသံတွေတုန်
လို့သူ့မာမီကိုတသည်။ထိုသည်မို့ အမြန်ပင် ပွေ့ချီလိုက်ရင်း ဓာတ်ပုံပေါ်ကအမျိုးသမီးကို
စူးစိုက်စွာကြည့်ကာ ဆိုင်ရှင်ဦးလေးကြီးကိုကြည့်
၍နှုတ်ဆက်လိုက်တယ်။

နှုတ်ဆက်တာတောင် အသံတွေဟာ ဒေါသသံတွေ
တရိပ်ရိပ်တိုးလို့နေတယ်။

" စိတ်မရှိပါနဲ့ ကျွန်တော့်ချစ်သူက တစ်စုံတစ်ခုကို
လန့်သွားပုံပါပဲ၊ဒါပေမဲ့ ကျွန်တော်ဦးလေးနဲ့ သီးသန့်စကားပြောဖို့ နောက်မှလာခဲ့ပါရစေ "

ဗန့်ထ်က ကလေးငယ်ကိုပွေ့ချီ၍ ထိုဆိုင်ထဲမှ
ထွက်သွားတယ်။ကျန်ခဲ့တဲ့ ဦးလေးကြီးကတော့
သူ့ဆိုင်ကနံရံမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံကိုကြည့်
ပြီးသာ ပြောလိုက်တယ်။

" လီလီကိုမြင်ပြီး ဒီကောင်လေးက ဘာကြောင့်
လန့်သွားရတာလဲ ကိုယ့်လီလီကသိပ်လှတာကို "

ထိုလူကြီးဟာ ကောင်တာကဘဲလ်ကိုသုတ်ရင်း
ပြောလိုက်တယ်။ပြီးနောက် သူသိမ်းထားတဲ့
လီလီ့ကိုပေးဖူးတဲ့ ဆွဲကြိုးလေးကိုနမ်းရှိုက်ရင်း ပြန်သိမ်းထားလိုက်သည်။

8 Letters ( Completed )Where stories live. Discover now