EXTRA - 3

1K 80 218
                                    

#Zawgyi

သည်နေ့ကဗန့်ထ်မှာ စာကြည့်တိုက်ကိစ္စကို
ထပ်ပြီးမကြည့်ရတော့တာမို့ အိမ်တော်၌သာ
အနားယူနေရခြင်းဖြစ်သည်။အနားယူရပေမဲ့
ချစ်ရတဲ့ကလေးငယ်လေးနားနေကာ လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးနေရင်း
ကလေးငယ်ရဲ့ကိုယ်ပိုင်အချိန်လေးပေးဖို့
သူကစာကြည့်ခန်းထဲ စာအုပ်ဖတ်နေသည်။

ဗန့်ထ့်အလုပ်နားပြီးထည်းက ကလေးငယ်ကို
စောင့်ရှောက်ရတာနဲ့ရော စာကြည့်တိုက်ကိစ္စကို
အမြဲကြည့်ပေးရတာမို့ သူ့နားချိန်ဆိုတာမရှိပါ။
ဒါကြောင့်မို့ ကလေးငယ်အတွက်ကိုယ်ပိုင်အချိန်
ပေးကာ သူလည်းစာအုပ်လာဖတ်နေသည်လေ။

" ကိုကိုရေ! ကိုကိုရေ! ကလေးဝင်လာပါပြီ "

စာဖတ်နေရင်း အပြင်ကနေအသံချိုလေးက
ဗန့်ထ်အားခေါ်နေရင်း အခန်းထဲသို့ဝင်ဖို့ ခွင့်တောင်းလေသည်။လိမ္မာလွန်းတဲ့အသံပိုင်ရှင်
လေးကြောင့် သူပြုံးလိုက်ကာဖတ်နေတဲ့
စာအုပ်ကိုဘေးချပြီး မျက်မှန်ကိုပင့်တင်လိုက်ရင်း အသံပေးလိုက်သည်။

" ဝင်လာခဲ့လေ ကလေးငယ် "

" ဟီးဟီး...ကိုကိုစာဖတ်နေတော့ ကလေးက
အသံကျယ်ကျယ်ပေးလာပေမဲ့ ကိုကို့အခန်းနား
ရောက်တော့ ဝင်ခွင့်တောင်းတာ "

ကလေးငယ်ရဲ့ချစ်စရာကောင်းလွန်းတဲ့ ပြောစကားလေးတွေကြောင့် ဗန့်ထ်သဘောကျ
မိကာ ကလေးငယ်ကိုလက်ယှက်လို့ခေါ်လိုက်
လေသည်။သူကခေါ်တော့ ကလေးငယ်က
အနားလာကာဘေးကခုံမှာမထိုင်ဘဲ သူ့ပေါင်
ပေါ်မှာထိုင်သည်။

" ဖြူဥ မင်းကကိုကို့ပေါင်ပေါ်မထိုင်ရဘူး၊ငါက
ကိုကို့ရဲ့အပိုင်၊ငါပဲထိုင်မယ်၊မင်းဆင်းနေ "

ကလေးငယ်က ဗန့်ထ်ပေါ်ဘေးတစ်စောင်းထိုင်ပြီး သူပွေ့ပိုက်ထားတဲ့ဖြူဥလေးကို ဘေးကခုံပေါ်သို့
ချပေးလိုက်သည်။ဒါတောင်ဖြူဥလေးက ဗန့်ထ်ရဲ့ အနားကိုလာချင်လို့တောင် ကပ်ထိကပ်ထိ
လာလုပ်နေသေးသည်။သို့သော် စေတနာရှင်
ဟန်နရီဂင်မ်ကတော့ ဖယ်ထုတ်လိုက်ပြီး
သူ့ကိုကိုကိုတင်းနေအောင် လည်တိုင်ကနေ
ချိတ်တွယ်ထားသည်။

8 Letters ( Completed )Where stories live. Discover now