CHAPTER - 17

1.1K 106 84
                                    

#Zawgyi

" ကလေးငယ် မပြေးရဘူးလေကွာ၊ရပ်ပါဦး၊
ကိုယ်မင်းစိတ်ကျေနပ်တဲ့အထိ ချော့မှာပါကွာ "

ကလေးငယ်က ကျွန်တော့်စကားအဆုံး
ခြေလှမ်းတို့ရပ်တန့်သွားတယ်။ပြီးနောက်
လှည့်ကြည့်လာသည်မို့ ကျွန်တော်ကသူ့အနား
ပြေးကပ်လိုက်တယ်။

" ကလေးငယ် ဘာကြောင့်ဆိုးရတာလဲကွာ "

" ကလေးမဆိုးဘူး၊ကိုကို့က ကလေးနမ်းတဲ့ပါးကို
သူများကိုပေးနမ်းတယ်၊ကိုကို့ကို မချစ်တော့ဘူး "

လွှတ်ထွက်သွားတော့မည့်လက်လေးကိုအမြန်ပင်
ဆွဲ၍ တားရသေးတယ်။ကလေးငယ်က စိတ်ကောက်နေရင် သိပ်ချစ်ဖို့ကောင်းနေတယ်။
ဒီကလေးငယ်လေးကို ချစ်လွန်းလို့၊ မြတ်နိုးလွန်းလို့၊တန်ဖိုးထားမိတာကို ဒီကလေးငယ်က မသိခဲ့ဘူး။

" ကိုယ်မြတ်နိုးတဲ့သူက ကလေးငယ်လေးမို့ပါ၊
ဟန်နရီဂျွန်ဆိုတဲ့ကလေးငယ်ကို မြတ်နိုးတယ်၊
ချစ်လွန်းတယ် ကလေးငယ်လေး၊ကိုယ့်ကို
စိတ်ဆိုးပြေပါ၊ကလေးငယ်စိတ်ဆိုးပြေတဲ့အထိ
ကိုယ်က ဟောဒီလို ဒူးထောက်တောင်းပန်ပါတယ်၊
ကိုယ့်ကို ခွင့်လွှတ်ပေးပါ ကလေးငယ် "

ကလေးငယ်ရှေ့ ဒူးထောက်ထိုင်ချ၍ တောင်းပန်လိုက်တယ်။သူ့သိက္ခာကို ဒီနေရာမှာ
လုံးဝမငဲ့ညှာချင်ဘူး။ကလေးငယ်ကိုချစ်နေတာ၊
ကလေးငယ်စိတ်ဆိုးမှာ၊မုန်းမှာကို သူကြောက်လို့၊
ဒူးထောက်တောင်းပန်ခဲ့တယ်။

" ကလေးစိတ်ဆိုးတာပြေစေချင်ရင် ကိုကိုအဲ့ပါးကို ရေဆေးချလိုက်လေ၊ဟွန်း...
ကလေးက ကိုကိုအဲ့လိုရေဆေးမှစိတ်ဆိုးပြေမှာ "

" ကလေးငယ်က တကယ့်အဆိုးလေးကွာ "

သူ့အပြောကြောင့် ကလေးငယ်က အမျက်မမြည်သောမျက်စောင်းလေးထိုး၍
ကြည့်တယ်။မျက်စောင်းထိုးတာတောင်
ကလေးငယ်လေးက ချစ်စရာကောင်းနေတယ်။
ဂင်မ်ဗန့်ထ်တို့ ကြွေနေရတာ ထိုအရာလေးထက်
ပိုနေခဲ့တာပေါ့။

" ကိုကိုမလုပ်ပေးချင်ဘူးမလား ကလေးသိပါတယ်၊ကလေးကသာ ကိုကို့ကို
ချစ်နေတာ၊ကိုကိုကတော့ ကလေးရဲ့ဆန္ဒတောင်
မဖြည့်ပေးချင်ဘူး "

8 Letters ( Completed )Where stories live. Discover now