အိမ်သို့ပြန်ရောက်တော့ ရှောင်ကျန့်တစ်ယောက် အမောလေးဖြေနေမိသည်။သူ့တစ်ကိုယ်လုံးမောဟိုက်ကာ လမ်းမှအဖြစ်အပျက်ကို ပြန်တွေးရင်း သူရင်တုန်းပန်းတုန်တောင်ဖြစ်မိသည်။ရှောင်ယန်လေးက ဧည့်ခန်းထဲမှာ ရှေ့လျှောက် နောက်လျှောက်နဲ့အလုပ်ရှုပ်နေသည်
တစ်ချက်တစ်ချက် ထိုကောင်လေးဆီမှ သတ်ပျင်းချသံလေးတွေလည်းထွက်လာနေသည်။"ပါပါးရာ...ပါပါး....!!"
ထိုကောင်လေးက ကျစ်တစ်ချက်လေးသတ်ရင်း ဆိုဖာပေါ်သို့ စိတ်တိုတိုဖြင့်ထိုင်ချလိုက်တာမို့ ရှောင်ကျန့်တောင်အပေါ်သို့မြင့်တက်သွားသည်။
"ပါပါး အဲ့အလုပ်ကထွက်လိုက်တော့ဗျာ.."
"ဟမ်...ငါက အလုပ်ကနေထွက်ရမှာလား၊မထွက်နိုင်ပါဘူး"
ရှောင်ကျန့်က ငြင်းဆိုလိုက်တော့ ရှောင်
ယန်လေးက ထိုင်နေရာမှဆက်ခနဲလေးထလိုက်သည်။"ပါပါးဘာတွေများ တွယ်ကပ်နေတာလဲ၊ဒီနိုင်ငံမှာ အလုပ်တွေများပေါလို့ အဲ့လိုမောက်မာတဲ့ လူဆီမှာ ကျွန်တော်ပါပါးကို ဆက်မလုပ်ခိုင်းနိုင်ဘူး"
ရှောင်ကျန့်က သက်ပျင်းမောလေးချသည်။သူ့ကလေးက ရိပေါနဲ့အဖြစ်အပျက်အား ပြန်တွေးပြီးတော့ စိတ်တိုနေခြင်းပင်။
"ရှောင်ယန်...ပါပါးကလေး ထိုင်ပါအုံး"
ရှောင်ကျန့်က သူ့သားရှောင်ယန်ရဲ့ လက်အားဆွဲပြီးတော့ သူ့နံဘေးနားလေးမှာထိုင်ခိုင်း လိုက်သည်။သူ့ပါပါး အောက်ကျုံ့နေရသည့်မြင်ကွင်းကို သူ့သားလေးမြင်လိုက်ရလို့ ခံစားနေရတာကို သူသိသည်။သူ့ကလေးရဲ့ စိတ်ထဲမှာ သူ့ပါပါးက တစ်ပါးသူဆီမှာ ဒီလိုအလုပ်လုပ်နေရတယ်ဆိုပြီး ခံစားမနေစေချင်။သူအေး အေးဆေးဆေးစကားလေးပြောရင်းပဲ သူ့ကလေးကိုနှစ်သိမ့်မည်ဟုပဲ ရှောင်ကျန့်တွေးလိုက်သည်။
"ရှောင်ယန် ပါပါးပြောပြမယ်နော်...
ဒီမြို့မှာ အလုပ်တွေအများကြီးရှိတာသိပေမဲ့.. အလုပ်တစ်ခုကို လွယ်လွယ်နဲ့ထွက်ပြီး လွယ်
လွယ်နဲ့ပြောင်းဖို့ဆိုတာ ပါပါးတို့လိုလူတွေအ
တွက်က မလွယ်ကူဘူးလေ အထိုင်ကျပြီးသား
အလုပ်တစ်ခုကနေ ထွက်ဖို့ဆို နောက်အလုပ်
တစ်ခုက အဆင်သင့်ရှိနေမှပဲ ပါပါးလိုလူက
အဆင်ပြေမှာ"