မနေ့ညက ဆေးမိ သွားတာမို့ ကိုက်ခဲနေသော ခေါင်းအား ရှောင်ကျန့်မှာ ဖိကိုင်လို့ မျက်စိတို့ ဖွင့်မိသည်နှင့် ညက အဖြစ်အပျက်တို့မှာ သူ့ခေါင်းထဲသို့ တရစ်ဆီတိုးဝင်လို့လာပါ၏။
ရှောင်ကျန့် မျက်လုံးတို့ဖွင့်ဖွင့်လိုက်ခြင်း
ပဲသူ့ရဲ့ဘယ်လက်ကလေးအား ထောင်လို့ကြည့်မိပါ၏။သူ့လက်မှာ ငွေရောင်လက်စွပ်ကလေးက
အခန့်သားနဲ့နေရာယူထားပြီး ဒါဟာ တစ်ကယ်အိပ်မက်မဟုတ်ခဲ့ဘူး။"သတို့သား ဝမ်ရိပေါ် ရှောင်ကျန့်ကို လက်တွဲဖော် အဖြစ် လက်ခံပါမည်လား "
"လက်ခံပါမည် "
"သတို့သား ရှောင်းရှောင်ကျန့် ဝမ်ရိပေါ်ကို လက်တွဲဖော်အဖြစ် လက်ခံပါမည်လား "
( လက်ခံတယ်လို့ ပြောလိုက် ချစ် )
မိမိ ခါးအားဆွဲလို့ မိမိနားနားကို ကပ်ခါ
အမိန့်ပေးနေသူအား မိမိမှာ စိတ်နဲ့ လူနဲ့မကပ်တာ
မို့မငြင်းဆိုနိုင်ခဲ့ပါ။"ဟုတ် လက်ခံပါတယ် "
"ဒါဆို လက်စွပ်ကလေးတွေဝတ်လို့ အကြင်နာပေးနိုင်ပါပြီ "
"ဖြောင်း ဖြောင်း ဖြောင်း "
"ခုကစပြီး ဝမ်ရိပေါ်နဲ့ ရှောင်းရှောင်
ကျန့်ဟာ တရားဝင် အကြင်လင်ယောကျာ်းဖြစ်သွားပါပြီ "ခေါင်းထဲသို့ တရပ်စက်တိုးဝင်လာတဲ့
အသိတရားတို့ကြောင့် ရှောင်ကျန့် အလန့်တကြားနဲ့ အိပ်ယာထက်မှ ထထိုင်လိုက်မိပါ၏။ကျေးဇူးပြုပြီးတော့ အဲ့တာတွေ က အိပ်မက်သာ ဖြစ်လိုက်ပါတော့လား။ဘာလို့များ ထိုသူပေးတဲ့၊ လက်စွပ် ထိုသူပေးတဲ့ အနမ်းနဲ့ ၊ထိုသူ့သဘောကျ သူဘာလို့များ အား လုံးကို ခေါင်းငြိမ့်မိလိုက်တာလဲ။ဝမ်ရိပေါ် တစ်ကယ်ပဲ သူ့ကိုဆေးခတ်ခဲ့တာပင်။ရှောင်ကျန့် သူ့ ကုတင်ထက်မှ ဆင်း
လို့ တိကျသည့်အဖြေကို သူထုတ်နိုင်ဖို့ရာ လုပ်
၏။အဓိက အကြောင်းအရာမှာ ဝမ်ရိပေါ်ကို သူသွားရှာရမည်။