" ရှောင်ယန် "
အနီးကပ်ခေါ်သံတစ်ခုကြောင့် မြောက်များစွာသော အတွေးတို့နဲ့ အိပ်ယာကုတင်ထက်ကို ထထိုက်မိသူဟာ ရှောင်ယန်။သူ့နံဘေးနားကို ကောင်လေးတစ်ယောက်လာထိုင်ပြီး သူ့နာမည်ကိုခေါ်လာခဲ့၏။
ညက သူအိပ်မပျော်ခင်နောက်ဆုံး
အချိန်အထိ စုတ်ပျက်နေတဲ့ ထိုအခန်းထဲမှာနေခဲ့
ရတာကို သူမှတ်မိပါသေးတယ်။အခု သူ့မျက်လုံး
တွေဖွင့်ကြည့်မိတာနဲ့ ခမ်းနားကြီးကျယ်တဲ့အဆောင် အယောင်တွေရှိတဲ့ အခန်းထဲကိုသူရောက်နေခဲ့ပြီ။သူ့အိပ်ယာ ကုတင်နံဘေးမှာ အရုပ်တွေနဲ့အတူရှိနေတာက သူရဲ့ရွယ်တူကောင်လေးတစ်ယောက်ပါပင်။ရှောင်ယန် သူ့ရှေ့က သူကိုမျက်မှောင်ကုပ်ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ! "
"ငါကကော ဒီအခန်းထဲကို ဘာကိစ္စရော ရောက်နေရတာလဲ !"
သူမေးလိုက်သည်နှင့် သူ့ရှေ့သို့ လက်ကမ်းလာသည့် ထိုကောင်လေး . . .
"မင်္ဂလာပါ ရှောင်ယန် "
"ကောက မင်းရဲ့ဆရာအားဝေပါ "
သူ့ကုတင်ဘေး တင်လေးတစ်ချက်ချ လက်ကလေးကမ်းလာသူမှာ သူ့ကိုယ်သူ ဆရာတဲ့။ကြည့်လိုက်တော့ သူနဲ့ရွယ်တူပင်။
ရှောင်ယန် သူ့ရှေ့မှ ထိုလက်ကို ဖယ်ကာထုတ်လိုက်ပါ၏။ဆရာတွေ ဘာတွေဆိုတာထက် သူဒီအခန်းထဲကို ဘယ်လိုရောက်နေတာပဲ ပိုစိတ်ဝင်စားသည်။
"ငါဘာလို့ ဒီအခန်းထဲရောက်နေတာလဲ
ဧကံန ငါသေသွားတာမဟုတ်ဘူးမလား "ရှောင်ယန် ခမ်းနားလွန်းတဲ့ အခန်းပတ်ပတ်လည်အားကြည့်ရှုရင်း ဆိုမိပြန်ပါ၏။
ဝမ်ရိပေါ်လို လူမျိုးက သူ့ကိုဒီလိုထားတယ်ဆို
ရင် သူအိပ်မက်မက်နေတာပဲဖြစ်ရမည်။"ဒါအိပ်မက်မဟုတ်ပါဘူးရှောင်ယန်
ဒါက သခင်လေးဝမ်ရိပေါ်စေခိုင်းချက်ပါ
ပါ မင်းကိုနေရာပြောင်းပြီး ထားဖို့က သူ့ရည်ရွယ်ချက်ပါ"