တစ်ပက်ခန့်ကြာသော အခါ . . .
မျက်လုံးတို့ဖွင့်ဖွင့်ခြင်း တစစ်စစ်ထိုးကိုက်
နေသော ခေါင်းအား ရှောင်ကျန့် ဖိကိုင်လိုက်
သည်။သူညက အတော်လေးနောက်ကျမှ အိပ်ခဲ့
ရတာမလို့ သူ့ခေါင်းတွေ ကွဲမတတ်ကိုက်နေခဲ့တာပင်။"မထနဲ့ဦး "
သူထဖို့ရာပြင်လိုက်သည်နှင့် ပြန်ကာဆွဲချခံလိုက်ရသည်။ရှောင်ကျန့် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ပြန်ကာ ပြုတ်ကျသွားပါ၏။
ရှောင်ကျန့် မျက်စောင်းလေး လှန်ကာကြည့်လိုက်၏။မနေ့ညက သူ့ကိုကြမ်းချင်တိုင်း
ကြမ်းခဲ့တဲ့ ထိုသူက အိပ်နေတာတောင်မှ ခန့်ညား
ချောမောနေဆဲပါပင်။မိမိကသာ ပင်ပန်းနွမ်းလျ
နေပေမဲ့ ထိုသူကတော့ အားအင်တို့ပြည့်ဝနေတယ်
ထင်၏။ထိုသူ့ရဲ့လက်ထဲက သူရုန်းထွက်လို့ မရပေ။ဆော်သွေးလာတဲ့ လေတစ်ချက်ကြောင့် ရှောင်ကျန့်မှာ သူ့ခန္တာကိုယ်လေးအား ပုကာဝင်လိုက်၏။ပြတင်းတံခါးပေါက်မှ လေတိုးဝင်နေတာ
ဖြစ်ပြီး အဝတ်ဗလာနဲ့ သူ့ခန္တာကိုယ်ပေါ်မှာ ခါးထိကို စောင်ပါးလေးတစ်ထည်သာ ခြုံထားတာမလို့ သူကျက်သိမ်းမွှေးညင်းပင်ထသွားရသည်။ရှောင်ကျန့် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ပို၍သာ ဝင်၍တိုးလိုက်ပါ၏။နွေး
ထွေးကာကျယ်ပြန့်ပြီးတော့ တစ်ခါတစ်လေ သူပစ်၍သာခိုလှုံချင်မိပြန်သည်။
"ခွမ်း ! ! ! ""မစားဘူး! ! ! ငါ့ကို ဘာမှလာမကျွေးနဲ့ ! ! !"
ကြီးမားသော စံအိမ်၌ မဟူရာ မြေအောက်ထပ်။ထွန်းညှိထားသည့် အလင်း
မှိန်မှိန်ဟာ ထိုတစ်ယောက်အတွက်တော့ မှုစ
ရာရယ်မရှိ။သူဟာ သူ့ရဲ့ဖခင်လိုပဲ အမှောင်မကြောက်တတ်သူ။ထိုသူကတော့ ပို၍ပင် သူ့ဖခင်
ထက် ရဲရင့်ပါ၏။သူ့ကို ထမင်းလာကျွေးသမျှ အစေခံအားလုံး တို့သည် ခေါင်းကွဲထိပ် ပေါက် ၍သာ အသီးသီးနဲ့ပြန်သွားကြပါ၏။ထိုသူဟာ အသက်၁၄နှစ်သာသာရှိသေးတဲ့ ရှောင်ယန်ပါပင်။ရှောင်ယန်၏ ခြေထောက်နှစ်ဖက်စလုံးမှာ သံခြေချင်းတန်းလန်းနဲ့ပင်။ဒါဟာ တစ်စုံတစ်ယောက်အတွက် ၁၄နှစ်အရွယ် ခပ်ဆိုးဆိုးကောင်လေးအား ထိန်း ကျောင်းနည်းပုံစံပါပင်။