"ပေါင်ပေါင်း...ဒါကအစောကြီးဘယ်လဲ"
မနက်စောစောစီးစီး အဝတ်အစားသစ်အချို့နဲ့ အပြင်သို့ထွက်တော့မည် သူ့သားရှောင်ယန်အားရှောင်ကျန့်က မျက်စောင်းခဲရင်းပြောလိုက်သည်။
ဒီနေ့ဟာ ကျောင်းပိတ်ရက်မို့ သူ့သားဟာ လေလွင့်ချင်တိုင်းလွင့်တော့မည်။
"ပါး ကျွန်တော်ဘယ်နှစ်ခါပြောပြီးပြီလဲ ... ကျွန်တော့် အရွယ်ရောက်နေပြီ ကျွန်တော့်ကို ပေါင်ပေါင်းလို့ လာမခေါ်ပါနဲ့တော့လား"
"အား...အ့...ပါပါး..."
"မင်းက တော်တော်အရွယ်ရောက်ချင်နေတယ်ပေါ့လေ..."
"လာခဲ့စမ်း..."
ရှောင်ကျန့် သူ့သားရှောင်ယန်ရဲ့နားရွက်ကိုဆွဲပြီးတော့ အိမ်ထဲသို့ပြန်ဆွဲခေါ်လို့သွားသည်။"ပါပါး ကျွန်တော့်ကို လွှတ်ပါအုံးဗျ"
ရှောင်ယန်က သူ့ပါပါးလက်ထဲမှ အတင်းရုန်းကာထွက်လိုက်သည်။
ရှောင်ယန်က အသက်12နှစ်အရွယ်မှ နေ့စဥ်အားကစား လုပ်လာခဲ့သည်မို့ 14ရှောင်ယန်လေးဟာ ကြွက် သားအချို့နှင့်ရင်အုပ်ကလေးတောင်မှ တော်တော်လေးကျယ်လို့နေခဲ့ပြီ။
အတန်းထဲမှာ အရပ်အရှည်ဆုံးဖြစ်တဲ့ ရွယ်ယန်ယာ ရင်အုပ်ကျယ်ကျယ်နဲ့ ချောမောတဲ့ရုပ်ရည်သွင်ပြင်လည်းရှိတာကြောင့် အတန်းရှိ မိန်းမငယ်လေးတွေမှအစ အတန်းကြီး မိန်းက လေးများကြားအဆုံး ရေပန်းစားသူပင်။
ရှောင်ကျန့်အား မှီဖို့နည်းနည်းသာ လိုတော့သည့် ရှောင်ယန်က သူ့ပါပါးရှောင်ကျန့်ထက်ပင် ကြွက်သားပြည့်ပြည့် ရင်အုပ်ကျယ်ကျယ်နှင့် အနည်းငယ်တောင်မှ ပိုလို့ထွားချင်သေးသည်။
"ရှောင်ယန် မှန်မှန်ပြောစမ်း...မင်းရီးစားရနေပြီ မလား"
ရှောင်ယန်က ကုတင်ပေါ်သို့ စိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်သည်။
"မဟုတ်ပါဘူးဆို ပါပါးကလည်း...."
ရှောင်ကျန့်က ရှောင်ယန်အား မျက်စောင်း ထိုးလိုက်သည်။