1

776 32 0
                                    

တစ်စုံတစ်ခု။
ဝဲဘက်ရင်အုံရှိကောင်ငယ်လေးအားနိုးထစေသည့်တစ်စုံတစ်ခု။

ဖြူဖြူအုအုမိုးရေစက်များကမျက်နှာသို့လာထိခတ်သည်။
မမှု။
ထိုအမျိုးသမီး၏အပြုအမူသေးသေးလေးသာသဘောတကျနှင့်ကြည့်မိနေလေသည်။

လှရက်လိုက်ပါဘိ။

အနီးကပ်မဟုတ်သည့်အဝေးကပုံရိပ်လေးတောင်ထိုသို့ပြုစားနေနိုင်ရင်အနီးအနားမှာသာရှိရင်တော့လား။

မိုးကသည်းသထက်သည်းလာသည်။ထိုအမျိုးသမီးလည်းသူမ၏ပန်းအိုးများအားရွှေ့ရင်းသူမဆိုင်လေးထဲသို့ဝင်သွားချေပြီ။

နှလုံးသား၏စေခိုင်းချက်အရခြေလှမ်းများကမြန်ဆန်လာသည်။
ဦးတည်ရာသည်တစ်ဖက်လမ်းရှိဆိုင်လေးအထဲသို့။

"မဂ်လာပါ..ဘာများကူညီပေးရမလဲရှင့်.."

တံခါးရှိလှုပ်ခတ်သွားသောခေါင်းလောင်းငယ်နှင့်အတူထိုအမျိုးသမီး၏အသံချိုချို။
အပိုဆောင်းဖြစ်အပြုံးချိုချိူတစ်ပွင့်အပါဖြစ်လေသည်။

"ကျွန်မ.."

ဘေးနားသို့ဝေ့ဝဲကြည့်မှပန်းဆိုင်ဖြစ်မှန်းသိရသ

"ပန်းစည်းလေးတစ်စည်းလောက်လိုချင်လို့."

"ဘာပန်းအမျိုးအစားလဲ..ကလေး."

ခေါ်ပုံက"ကလေး"တဲ့။မနှစ်သက်လိုက်တာ။

"နှင်းဆီပန်းဘဲပေးပါ.."

"ဝင့်ဝါရေ..နှင်းဆီပန်းတစ်စည်းတဲ့.."

"ဟုတ်ကဲ့...အန်တီမြ.."

"မိနစ်သုံးဆယ်လောက်ထိုင်စောင့်ပေးလို့ရမလား..ကလေး.."

ဟော..လာပြန်ပြီ..ဒီကလေး။
သူမစိတ်ထဲမကျေမနပ်ဆိုမိသည်။
၂၅နှစ်သူမဟာကလေးမှမဟုတ်ဘဲ။

"ဟုတ်..ရပါတယ်.."

"ဟယ်..တစ်ကိုယ်လုံးစိုရွှဲနေတာဘဲ..."

"အော်..ခုနကမိုးမိသွားလို့ပါ.."

စားပွဲဝိုင်းတစ်ခုတွင်နေရာချပေး၍ထိုအမျိုးသမီးကအခန်းတစ်ခုထဲဝင်သွားသည်။
ပြန်ထွက်လာတော့တဘက်တစ်ခုပါလာလေသည်။

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now