ဆိုင်ထဲသို့ဝင်ဝင်ချင်းပုံရိပ်တစ်ခုကြောင့်မျက်ခုံးတို့အားတွန့်ချိုးမိသည်။ကောင်တာတွငိ
ပြုံးရွှင်နေသောမျက်နှာထားနှင့်စကားပြောနေသူမှာဒေါ်မြဝါဆို။
ကောင်တာရှေ့တွင်ရွှေကိုင်းမျက်မှန်တပ်ထားသောဒေါ်မြဝါဆိုအရွယ်အမျိုးသားတစ်ဦး။အပြုံးတို့ဖြစ်တည်နေသည်မှာကိုယ့်အတွက်မဟုတ်သည်အတွက်ဒေါသတို့ကထောင်းကနဲပင်။
သို့ပေမဲ့စိတ်လျှော့ရမည်။
ဒေါ်မြဝါဆိုကကြမ်းတမ်းသည်ကိုမကြိုက်သည့်အတွက်ဒေါသထွက်သည်ကိုလည်းကြိုက်မည်မဟုတ်။"အန်တီ..နေ့လည်စာစားမလို့လာခေါ်တာ.."
"အော်..နွေခတ်..ဒီမှာအန်တီတက္ကသိုလ်တက်တုန်းကသူငယ်ချင်း..ဦးလွှမ်းမိုးအောင်တဲ့.."
"အင်း.."
ထိုမျှသာတုန့်ပြန်သည့်နွေခတ်။
လူမှုဆက်ဆံရေးမကောင်းဘူးဘဲပြောပြော
သူမအနေနဲ့ထိုလူကိုစကားကောင်းကောင်းပြောရန်အစီအစဥ်မရှိ။ပိုက်ဆံအိတ်အားဆွဲ၍ထွက်သွားသောအမျိုးသမီးသည်မတွေ့သည်မှာကြာပြီဖြစ်သည့်သူငယ်ချင်းနှင့်နေ့လည်စားရန်တဲ့။
နွေခတ်လက်သီးတို့အားတင်းတင်းဆုပ်ထားမိလေသည်။ထိုတစ်လအတွင်းပထမဆုံးအကြိမ်နွေခတ်အားနေ့လည်စာစားရန်ငြင်းခြင်း။
"အစ်မနွေခတ်...ပြန်တော့မှာလား.."
ဝင့်ဝါ၏ထမင်းချိုင့်ထုတ်နေရင်းမှမေးသံ။
နွေခတ်စိတ်တွေတစ်ကယ်နောက်ကျိနေပြီဖြစ်သည့်အတွက်အိမ်ပြန်မှဖြစ်တော့မည်။ဖွင့်သည်မှာမကြာသေးသည့်ကော်ဖီဆိုင်အားလက်ထောက်ဝန်ထမ်းနှင့်အပ်ခဲ့၍အိမ်သို့သာပြန်ခဲ့လေသည်။
"ဒီလောက်ပြုံးဖို့လိုလို့လား...အမျိုးသမီးရယ်.."
ကားစီယာတိုင်အားရိုက်ချ၍ပြောသောစကား
ထိုအပြုံးများအားမက်မောသည့်တိုင်
ကိုယ်မဟုတ်သည့်အခြားတစ်ယောက်မြင်မည်ကိုလည်းတွန့်တိုသေးသည်။တကယ်ပါ..ဒေါ်မြဝါဆိုဟူသောအမျိုးသမီးသည်နွေခတ်၏စိတ်အစဥ်တို့အားပြောင်းလဲနိုင်သည့်အမျိုးသမီး။
နွေခတ်အားအတွေးများအောင်လုပ်နိုင်သည့်တစ်ဦးတည်းသောသူ။
YOU ARE READING
ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥