2

247 23 1
                                    

မိုးစက်တို့အားလက်ဖဝါးသို့ခံရင်းသဘောတကျပြုံးမိလေသည်။
ပိုက်ဆံ၁၅၀၀ကိုလက်ထဲဆုပ်ရင်းတစ်ဖက်ကထီးအကြည်လေးအားကိုင်ရင်း။

ရွှေအိုရောင်ဆံနွယ်များသည်ကျောလယ်ထိချထား၍ပြောင်ရှင်းသောနဖူးပေါ်​နေမည်ကြောင့်
Bangများမျက်ခုံးထိချထားလေသည်။

ယောက်ျားလေးတစ်ယောက်လိုနေရသည်လည်းမကြိုက်။
သို့မဲ့အဘယ်ကြောင့်အမျိုးသမီးတစ်ယောက်အားမေတ္တာသက်ဝင်မိပါလိမ့်။

ထိုအမျိုးသမီးအားနာမည်မေးရမည်။
ချစ်ကြောင်းပြောရမည်။
ချစ်ကြောင်းပြောရမည်မှာစောလွန်းလေသလား။
ပေါ့ပေါ့တွေးနေလိမ့်မလား။
ထိုအမျိုးသမီး။

"အန်တီ့ကို၁၅၀၀လါပေးတာ.."

"ဟင်.."

ဒေါ်မြဝါဆိုလန့်သွားမိသည်။
မနေ့ကဝင့်ဝါ၏စနောက်သံကြောင့်ဖြစ်လိမ့်မည်။

'အန်တီမြတော့မနက်ဖြန်၁၅၀၀ရတော့မယ်
ဟူသောကျီစယ်ကာစနောက်သံကြောင့်။
သူမကထိုအတိုင်းရိုးရိုးသားသားတွေးသည်ကိုဝင့်ဝါကမည်သို့အဓိပ္ပယ်ကောက်လိုက်လေလည်းမသိ။

ထိုကလေးမနဲ့တော့ခက်သည်။

"မနေ့က၆၅၀၀ပေးရမှာလေ..အန်တီရဲ့..ကျွန်မက၅၀၀၀ဘဲပေးသွားတာလေ.."

"အော်.."

လက်ထဲသို့တစ်ထောင်တန်တစ်ရွက်နှင့်ငါးရာတန်တစ်ရွက်ရောက်လာမှသက်ပြင်းအားခိုးချမိလေသည်။

"စိတ်မရှိရင်..ကျွန်မအန်တီနဲ့ရင်းနှီးလို့ရမလား.."

"ဟင်.."

ဝင့်ဝါကတခိခိနှင့်ရီနေပြန်သည်။
ဒီကလေးမဘာဖြစ်နေသလဲ။

"ရ..ရပါတယ်..ကလေးရဲ့.."

"လုပ်ပြန်ပြီ..အန်တီတော့..နာမည်ကရှည်နေရင်..မောင်လို့ဘဲခေါ်လေ.."

"နွေခတ်...​နွေခတ်လို့ခေါ်မယ်နော်..အန်တီ့နာမည်ကမြဝါဆို.."

မိုးစက်တွေနဲ့အစပြုခဲ့တဲ့တွေ့ဆုံခြင်းက
မြဝါဆိုဟူသောအမျိုးသမီးတဲ့။

"ဟုတ်ကဲ့..အန္တီ...ဒါဆိုကျွန်မအလုပ်ကလေးရှိသေးလို့..ကျွန်မနဲ့အန်တီရင်းနှီးပြီနော်.."

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now