5

224 23 2
                                    

"အစ်မ..အန်တီမြကရှက်သွားတာထင်တယ်..ဝင့်ဝါခေါ်တာအသံတောင်မပေးတော့ဘူး.."

အငွေ့တထောင်းထောင်းထနေသောကော်ဖီခွက်အားနွေခတ်ရှေ့ချကာပြောသူသည်ဝင့်ဝါဟူသောမိန်းကလေး။

ဒေါ်မြဝါဆိုကရှက်သွားသည်တဲ့လား။

ရုတ်တရက်ဖွင့်ပြောရန်ဖြစ်လာသည့်အကြောင်းကရိုးရှင်းပါသည်။
ဒေါ်မြဝါဆို အားသူမ..စိတ်မချနိုင်တော့၍ဖြစ်သည်။

ထိုအမျိုးသမီးအကြောင်းစုံစမ်းရာမှသူမအားအသေအရရအရှင်ရရလိုချင်နေသောယောက်ျားသားများရှိသည်ကိုသိရသည်။
ထိုကြောင့်နည်းနည်းမှအကျောမခံနိုင်။
တစ်ကွက်သာထားရမည်မဟုတ်လား။

"အစ်မ..."

"ဟင်.."

"အန်တီမြကိုချစ်တယ်ဆိုတာတကယ်လားဟင်.."

"အင်း.."

"ဝါး..တကယ်မိုက်တယ်.."

"ဟင်..ဘာကိုလဲ.."

"အန်တီမြကို..အစ်မလိုမိန်းမပျိုလေးကချစ်ရေးဆိုတယ်ဆိုတော့တော်ရုံသတ္တိတော့မဟုတ်ဘူးရယ်.."

"အန်တီမြကိုပိုးပန်းဖို့ရောက်လာကြတဲ့ယောက်ျားသားတွေအများကြီးမှအများကြီးပေမဲ့...ဒီလိုတစ်ခါမှမရှောင်ထွက်ဖူးဘူး.."

"အပြတ်ငြင်းတာ.."

"ဒါပေမဲ့..အစ်မကိုတော့ကြွေသွားပြီထင်တယ်..ဟီး..ဟီးး.."

ဝင့်ဝါကသူမစကားနှင့်သူမသဘောကျဟန်။
နွေခတ်ကတော့ဒေါ်မြဝါဆိုအကြောင်းပြောနေသည်ကြောင့်အေးစက်နေသောလက်များအားကော်ဖီခွက်တွင်ကပ်ထားကာအပြုံးအပြည့်ဖြင့်နားထောင်နေလေသည်။

"တကယ်..အစ်မရည်းစားလဲမထားဖူးသလို..ဘယ်သူမှလည်းမချစ်ဖူးဘူး..ဒါပေမဲ့..ဒေါ်မြဝါဆိုကိုတော့တကယ်ကြီးချစ်မိသွားတယ်ထင်တယ်..သူ့ကိုမပိုင်ဆိုင်ရမှာကြောက်လာမိလို့..အလျင်ဘဲဖွင့်ပြောသွားမိတာ.."

"အစ်မသာတကယ်ဆိုရင်..ဝင့်ဝါကူညီပေးမယ်..."

"ဝင့်ဝါ..အစ်မကိုအထင်မသေးဘူးလား.."

"ဘာလို့လဲ..."

"မိန်းကလေးဖြစ်တဲ့အစ်မက..အမျိုးသမီးဖြစ်တဲ့ဒေါ်မြဝါဆိုကိုချစ်သွားတာလေ.."

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now